ဘဂ္ဂဒက်၊ အောက်တိုဘာ ၅ရက် (ဆင်ဟွာ) အီရတ်နိုင်ငံသည် မိုဆူးလ်မြို့အား IS စစ်သွေးကြွအုပ်စု ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ရန် အတွက် လာမည့် အဓိက တိုက်စစ်ဆင်မှု အတွင်း မိုဆူးလ်မြို့သူမြို့သားများအား အကူအညီပေး၇န် ရေဒီယို အသံလွှင့်ရုံတစ်ခု အား အောက်တိုဘာ ၄ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်းက...
တီဟီရန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ သမ္မတ ဟာဆန်ရိုဟာနီ (Hassan Rouhani) သည် နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှု ကိစ္စရပ်များ ဆွေးနွေးရန်အတွက် ဗီယက်နမ်နိုင်ငံသို့ အောက်တိုဘာ ၅ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံပိုင် IRNA သတင်းဋ္ဌာနက အောက်တိုဘာ ၄ရက်က ထုတ်ပြန်ခဲ့သည်။
ဒမတ်စကပ်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Hasakah ပြည်နယ် တွင် ကာ့ဒ်လူမျိုးတို့၏ မင်္ဂလာဆောင်တစ်ခုကို ပစ်မှတ်ထားကာ အောက်တိုဘာ ၃ရက်က အသေခံဗုံးခွဲမှုတစ်ခုပြုလုပ်ခဲ့၍ လူ ၃၀ဦးထက်မနည်းသေဆုံးပြီး အခြားလူ ၉၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် ရုပ်သံလိုင်းကဖော်ပြခဲ့သည်။
ဒမတ်စကပ်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ရှိ သူပုန်များ ထိန်းချုပ်ထားရာ နယ်မြေရှိ အကြီးဆုံး ဆေးရုံသည် လေကြောင်း တိုက်ခိုက်မှု ခံခဲ့ရပြီးနောက် လုံးဝ ပျက်စီးသွားခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တစ်ခုက အစီရင်ခံ တင်ပြခဲ့သည်။
တီဟီရန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ အဆင့်မြင့်အရာရှိတစ်ဦးက ဆီးရီးယားနိုင်ငံ စစ်တပ်ကို ဆန့်ကျင်၍ စစ်ရေးကိစ္စများတွင် အမေရိကန်၏ ဝင်ရောက်စွက်ဖက်မှုများ နှင့်ပတ်သက်၍ သတိပေးပြောကြားခဲ့ကြောင်း ရုပ်သံလိုင်းတစ်ခု က အောက်တိုဘာ ၃ ရက်တွင်ဖော်ပြခဲ့သည်။
ရာဘတ်၊ အောက်တိုဘာ ၄ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် IS စစ်သွေးကြွအဖွဲ့နှင့် အဆက်အသွယ်ရှိနေသည့် အမျိုးသမီး ၁၀ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနက အောက်တိုဘာ ၃ရက်တွင် ပြောကြားခဲ့သည်။
လစ်ဗျား၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ Sirteမြို့တွင် IS စစ်သွေးကြွအဖွဲ့မှ လက်ဖြောင့်သေနတ်သမားတစ်ဦး၏ ချောင်းမြောင်း ပစ်ခတ်မှုကြောင့် နယ်သာလန်နိုင်ငံသား ပရော်ဖက်ရှင်နယ် ဓါတ်ပုံသတင်းထောက် သေဆုံးခဲ့ကြောင်း နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က အောက်တိုဘာ ၂ရက် ညတွင် အတည်ပြုခဲ့သည်။
မိုဂါဒစ်ရှုး ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ) ဆိုမာလီးယားနိုင်ငံ မိုဂါဒစ်ရှုးမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်၌ အောက်တိုဘာလ ၁ ရက် က ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Mirpur Khas ခရိုင်ရှိ မိဘမဲ့ဂေဟာ တစ်ခုတွင် မီးလောင်ကျွမ်းခဲ့ရာ ကလေးငယ် ၅ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာက စက်တင်ဘာလ ၃၀ ရက်က သတင်း...
ဂျေရုဆလမ်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ တည်ထောင်သူ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ရှီမွန် ပီရက်စ်အား နောက်ဆုံးအကြိမ် ဂုဏ်ပြုနှုတ်ဆက်ခြင်း အခမ်းအနားသို့ တက်ရောက်ရန် ကမ္ဘာ့ ခေါင်းဆောင်များ စက်တင်ဘာလ ၃၀ ရက် နံနက်ပိုင်းက အစ္စရေးနိုင်ငံ ဂျေရုဆလမ်မြို့၌ စုဝေး ရောက်ရှိနေကြောင်း...