Connect with us

Africa & Middle East

အာဖဂန်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သွေးကြွ ၆ဦးသေဆုံး

အာဖဂန် ရှိ တာလီဘန်စစ်သွေးကြွများအားတွေ့ရစဉ် (ဆင်ဟွာ)

မိုင်မာနာ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဖာရပ်ပြည်နယ် ရှီရင်းတာဂတ်ခရိုင် ရှိ တာလီဘန်တို့၏စခန်းများကို လုံခြုံရေးတပ်ဖွဲ့က လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်သွေးကြွ ၆ဦး အနည်းဆုံးသေဆုံးခဲ့ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ Nasratullah Jamshidi ကပြောကြားခဲ့သည်။

Jamshidi က ထောက်လှမ်းရေးသတင်းရရှိမှုအပေါ် မူတည်၍ ဒီဇင်ဘာ ၁၉ရက် နံနက်အစောပိုင်းတွင် ရှီရင်းတာဂတ်ခရိုင် တော်ဂူလ်ရွာရှိ တာလီဘန်စစ်သွေးကြွတို့ ပုန်းခိုနေသည့် စခန်းတစ်ခုအား လေကြောင်းမှပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ အခင်းဖြစ်ပွားရာ၌ပင် စစ်သွေးကြွ ၆ဦးသေဆုံးပြီး ပုန်းအောင်းရာ နေရာမှ စစ်သွေးကြွတို့၏ လက်နက်ခဲယမ်းများကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တာလီဘန်ဘက်က ယင်းအကြောင်းအရာနှင့် ပတ်သက်၍ မှတ်ချက် တစ်စုံတစ်ရာပေးခြင်းမရှိပေ။

ရှီရင်းတာဂတ်ခရိုင်ရှိ ဧရိယာအများအပြားတွင် လွန်ခဲ့သည့် ရက်အနည်းငယ်၌ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်သွေးကြွ ၈ဦး နှင့် လုံခြုံရေးဝန်ထမ်း ၅ဦး အပါအဝင် လူ ၁၃ဦး ဒီဇင်ဘာ ၁၈ရက်ကသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.