ကိုင်ရို ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ)
ကင်ညာ၊ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) ကင်ညာနိုင်ငံ အရှေ့မြောက်ပိုင်း Naivasha မြို့၌ ယနေ့(ဒီဇင်ဘာလ ၁၁ ရက်)တွင် လောင်စာတင်ယာဉ်(ဆီတင်ကား) မီးလောင်ကျွမ်းခဲ့ပြီး အနီးအနားရှိ အခြားမော်တော်ယာဉ်များကိုလည်း မီးကူစက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူပေါင်း ၃၃ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရသွားကြောင်း သိရသည်။
ဒမတ်စကက်စ် ၊ ဒီဇင်ဘာ ၁ဝ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံမြောက်ပိုင်း အလက်ပိုမြို့ရှိ သူပုန်တပ်ဖွဲ့ဝင်များထိန်းချုပ်ထားရာနေရာမှ အရပ်သား ၅ ထောင်ခန့်ကို ဘေးကင်းရာသို့ပြောင်းရွှေ့ပေးခဲ့ကြောင်း အစိုးရ သတင်းအရင်းအမြစ်က ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။
အေဒန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)ယီမင်နိုင်ငံ အစွန်အဖျားရှိ ဆိုကိုထရာကျွန်းတွင် သင်္ဘော တိမ်းမှောက်ခဲ့ရာ လူပေါင်း ၆၀ ပျောက်ဆုံးနေကြောင်း ပင်လယ်ငါးဖမ်းလုပ်ငန်း ဝန်ကြီးဋ္ဌာနက ဒီဇင်ဘာလ ၇ ရက်၌ ကြေညာလိုက်သည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ဆယ်စုနှစ် တစ်ခုခန့်ကြာအောင် ဗီဇာ ထုတ်ပေးခြင်း လုပ်ငန်းများနှင့် သံရုံးလုပ်ငန်းဆိုင်ရာများ လုပ်ကိုင်နေခဲ့သည့် ဂါနာနိုင်ငံရှိ အမေရိကန် သံရုံးအတုအား ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ကြေညာချက် ထုတ်ပြန်လိုက်သည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) အီရတ် နှင့် ဆီးရီးယား နိုင်ငံများ ရှိ အိုင်အက်စ်အကြမ်းဖက်သမားများအား မတ်လ ၃၁ ရက် မှ အောက်တိုဘာလ၂၂ ရက်အထိ အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ဝင်များ၏ လေကြောင်း တိုက်ခိုက်မှုအတွင်း အရပ်သားသေဆုံးသူပေါင်း ၅၄ ဦး ရှိခဲ့ကြောင်း ၊...
ရီယာ့ဒ်၊ ဒီဇင်ဘာ ၁ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ တရားရုံးတစ်ခုက ဆော်ဒီနိုင်ငံ အရှေ့ဘက် တည်ငြိမ်မှုမရှိသေးသည့် Qatif ဒေသ မှ ဆော်ဒီနိုင်ငံသား သုံးဦးအား အကြမ်းဖက်မှု စွဲချက်များဖြင့် နိုဝင်ဘာ ၃၀ရက်တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း Al Arabiya သတင်းဋ္ဌာန က ဖော်ပြခဲ့သည်။
ဂါ့ဇ်နီ၊ အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)အာဖဂန်နိုင်ငံ အရှေ့ပိုင်း ဂါ့ဇ်နီပြည်နယ်တွင် တာလီဘန်များ ပါဝင်သည့် ယာဉ်တန်းတစ်ခုအား တိုက်ခိုက်ခဲ့ရာ တာလီဘန် အဓိက တပ်မှူး တစ်ဦး ဖြစ်သည့် မူလာလ် ရိုင်ဟန် အပါအဝင် စစ်သွေးကြွ ၁၆ ဦးနှင့်အထက် သေဆုံးခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ ရဲချုပ်...
အန်ကာရာ၊ နိုဝင်ဘာ ၃၀ရက် (ဆင်ဟွာ)တူရကီနိုင်ငံအရှေ့တောင်ပိုင်း Adana ပြည်နယ် ရှိ စာသင်ကျောင်းတစ်ခုတွင် နိုဝင်ဘာ ၂၉ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျောင်းသူ ၁၁ဦး နှင့် ကျောင်းစောင့်တစ်ဦး သေဆုံးခဲ့ပြီး အခြားလူ ၂၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း NTV သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
ဒမတ်စကက်၊ နိုဝင်ဘာ ၃၀ရက် (ဆင်ဟွာ)ဆီးရီးယားစစ်တပ်သည် နိုင်ငံမြောက်ပိုင်းရှိ အလက်ပိုမြို့အတွင်း တိုက်ပွဲအောင်မြင်မှုများ ဆောလျင်စွာ ရရှိလာခြင်း နှင့် မြို့အား ပြန်လည်သိမ်းပိုက်နိုင်ရန် ပိုမိုနီးစပ်လာခြင်းတို့သည် ငါးနှစ်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ဆီးရီးယားအစိုးရ စစ်တပ်၏ အကြီးမားဆုံး အောင်မြင်မှုဖြစ်လာမည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။