Connect with us

Africa & Middle East

အာဖဂန်အနောက်ပိုင်းတွင် စစ်သွေးကြွများက ရွာသားများအား သတ်ဖြတ်၍ နေအိမ်များ မီးရှို့ဖျက်ဆီး

အာဖဂန်နစ္စတန်နိုင်ငံရှိ တာလီဘန်စစ်သွေးကြွများအားတွေ့ရစဉ် (ဆင်ဟွာ)

ကွာလာအယ်နော်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်အနောက်ပိုင်း Badghis ပြည်နယ်ရှိ ကျေးရွာများကို တာလီဘန်အကြမ်းဖက်အုပ်စုထံ သစ္စာခံထားသည့် စစ်သွေးကြွများက ထိန်းချုပ်သိမ်းပိုက်ပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ရွာသား များစွာကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများက အောက်တိုဘာ ၇ရက်တွင်ပြောကြားခဲ့သည်။

Abkamari ခရိုင်မှူး Mirza Ali က တည်ငြိမ်အေးချမ်းမှုမရှိသော Abkamari ခရိုင် ရှိ ကျေးရွာတစ်ချို့တွင် လွန်ခဲ့သည့် တစ်ရက်က တာလီဘန်စစ်သွေးကြွများသည် နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ရွာသားများစွာကို သတ်ဖြတ်ခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။၎င်းက စစ်သွေးကြွများသည် ရွာသားများ၏ နေအိမ်များကို ကတုတ်ကျင်းများအဖြစ်အသုံးပြုထား၍ ရွာသားအများအပြားသည် နားခိုရာ အမိုးအကာ (သို့) အစာရေစာ မရရှိနိုင်သည့် ခရိုင်စင်တာသို့ ပြောင်းရွှေ့သွားလာနေရကြောင်း ပြောကြားခဲ့သည်။

တစ်ဆက်တည်းမှာပင် ပြည်နယ် ရဲချုပ် Mohammad Rauf Taj က ဝေးလံခေါင်ဖျားသည့် အဆိုပါ ခရိုင်တွင် စစ်သွေးကြွများကို တိုက်ထုတ်ရန် စစ်ဆင်ရေးတစ်ခုကို မကြာခင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။အာဖဂန်နိုင်ငံ၌ ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ၂၀၁၇ခုနှစ်အတွင်း အာဖဂန်နိုင်ငံသား ၂၅၀,၀၀၀ ကျော် နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ရကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117