Connect with us

Africa & Middle East

နိုက်ဂျီးရီးယား အလယ်ပိုင်း၌ စက်လှေတိမ်းမှောက်မှုတွင် ၂၂ ဦးသေဆုံး

နိုက်ဂျီးရီးယားနိုင်ငံ၌ စက်လှေတိမ်းမှောက်သွားသော နေရာသို့ ကယ်ဆယ်ရေးများ သွားရောက်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

အဘူဂျာ ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

နိုက်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း၌ စက်လှေတစ်စင်းတိမ်းမှောက်မှု ဖြစ်ပွားရာ လူပေါင်း ၂၂ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ဒေသတွင်း မီဒီယာက အောက်တိုဘာ ၄ ရက်တွင် ဖော်ပြခဲ့သည်။

အောက်တိုဘာ ၃ ရက်တွင် ဖြစ်ပွားခဲ့သော စက်လှေတိမ်းမှောက်မှုမှ လူ ၇ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း နိုက်ဂျီးရီးယားနိုင်ငံအရေးပေါ် ကယ်ဆယ်ရေး စီမံခန့်ခွဲမှုအေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ Hussaini Ibrahim က ဆိုသည်။အဆိုပါ စက်လှေသည် Agwara ဒေသတွင် ခုတ်မောင်းနေစဉ် မြစ်အတွင်း မျောပါလာသော သစ်တုံးတစ်ခုဖြင့် တိုက်မိပြီးနောက် တိမ်းမှောက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

လှေပေါ်တွင် လိုက်ပါလာသူများသည် နိုင်ငံမြောက်ပိုင်းရှိ Kebbi ပြည်နယ် Yauri မြို့မှ Manhuta မြို့သို့သွားရောက်ကြမည့် ခရီးသည်များဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။အဆိုပါ တာဝန်ရှိသူက အခင်းဖြစ်ကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်လျက်ရှိကြောင်း ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။(Xinhua)