Connect with us

Africa & Middle East

အာဖဂန်နစ္စတန်၌ ၂၄ နာရီအတွင်းပြုလုပ်သော စစ်ဆင်ရေးများတွင် စစ်သွေးကြွ ၈၁ ဦးကို သုတ်သင်နိုင်ခဲ့

အာဖဂန်နစ္စတန် နိုင်ငံတောင်ပိုင်း ကန်ဒါဟာ ပြည်နယ်၌ လုံခြုံရေးတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ၌ အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်သွေးကြွနှိမ်နင်းရေး စစ်ဆင်ရေးများကြောင့် ၂၄ နာရီအတွင်း စစ်သွေးကြွ ၈၁ ဦးကို သုတ်သင်နိုင်ခဲ့ပြီး အခြား ၁၉ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၄ ရက်တွင် ပြောကြားခဲ့သည်။

“ အာဖဂန်အမျိုးသားကာကွယ်ရေး နှင့် လုံခြံရေးတပ်ဖွဲ့(ANDSF) ဟာ ကန်ဒါဟာ ပြည်နယ်မှာ စစ်သွေးကြွ နှိမ်နင်းရေး စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ စစ်သွေးကြွ ၈၁ ဦးသေဆုံးပြီး ၁၉ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ၄ ဦးကိုတော့ လက်ရဖမ်းမိထားပါတယ်” ဟု ဝန်ကြီးဌာန၏ စစ်ဆင်ရေးဆိုင်ရာ နေ့စဉ်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စစ်သွေးကြွများထောင်ထားသော မြေမြှုပ်မိုင်း သုံးလုံး နှင့် လက်နက်များ နှင့် ကျည်ဆံများ အပါအဝင် ဖောက်ခွဲရေးပစ္စည်း(IED) ထုတ်လုပ်သည့် စက်ရုံ ကိုလည်း စစ်ဆင်ရေးများအတွင်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ သေဆုံးခြင်း ရှိ၊ မရှိကိုမူ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားခြင်းမရှိပေ။ တာလီဘန်စစ်သွေးကြွများ နှင့် အိုင်အက်စ်တို့က မှတ်ချက်တစ်စုံတစ်ရာ ပေးခဲ့ခြင်းမရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.