Connect with us

Africa & Middle East

တန်ဇန်းနီးယားတွင် ပြည်တွင်းဖြစ်အဆိပ်သင့်ဘီယာများ သောက်သုံးမှုကြောင့် လူ ၉ဦးသေဆုံး

တန်ဇန်းနီးယားတွင် ပြည်တွင်းဖြစ် ဘီယာချက်လုပ်နေမှုအားတွေ့ရစဉ်(ဓါတ်ပုံ-အင်တာနက်)

တန်ဇန်းနီးယား၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

တန်ဇန်းနီးယားနိုင်ငံ စီးပွားရေးမြို့တော် Dar es Salaam မြို့ တွင် အဆိပ်သင့်စေသည်ဟု ယူဆရသော ပြည်တွင်းဖြစ်ဘီယာများသောက်သုံးမှုကြောင့် လူ ၉ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းခေါင်းဆောင်တစ်ဦးက အောက်တိုဘာ ၄ရက်တွင်ပြောကြားခဲ့သည်။

ဘီယာအဆိပ်သင့်မှုဖြစ်ပွားခဲ့သည့် Kimara Stopover ဆင်ခြေဖုံးမြို့ ၏ ဒေသတွင်းခေါင်းဆောင် Margret Mugyabuso က အဆိပ်သင့်ဘီယာသောက်သုံးသူအများအပြားကို Mwananyamala အစိုးရဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

ဆေးကုသမှုခံယူနေစဉ် အောက်တိုဘာ ၃ရက် ညနေပိုင်းတွင် လူ၂ဦးသေဆုံးခဲ့ပြီး အောက်တိုဘာ ၄ရက် တွင်အခြားလူ ၇ဦးထပ်မံသေဆုံးခဲ့ကြောင်း Mugyabuso က ပြောကြားခဲ့သည်။

ဒေသခံများသောက်သုံးခဲ့သော ဘီယာတွင် စက်ရုံသုံး ဓါတုပစ္စည်းများ ရောစပ်ထားသည်ဟု ယုံကြည်ရကြောင်း ၎င်းကပြောကြားခဲ့သည်။

ဒေသတွင်းခေါင်းဆောင်က အောက်တိုဘာ ၃ရက် သန်းခေါင်ယံတွင် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ၎င်းထံဆက်သွယ်လာပြီး အကူအညီတောင်းခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.