Connect with us

Asia

ထိုင်းနိုင်ငံ၌ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးချိန်မှစ၍ ပထမဆုံးကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ မဲပေးကြ

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာက ဆန္ဒမဲထည့်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲကို ယနေ့မတ်လ ၂၄ ရက်တွင် ကျင်းပရာ နိုင်ငံတစ်ဝန်းရှိ မဲဆန္ဒရှင်များက သက်ဆိုင်ရာ မဲရုံများ၌ ဆန္ဒမဲ အသီးသီးပေးလျက်ရှိကြောင်း သိရသည်။

မဲပေးပိုင်ခွင့်ရှိသူများသည် ဒေသစံတော်ချိန် နံနက် ၆း၀၀ နာရီကစ၍ မဲရုံများ၌ တန်းစီစောင့်ဆိုင်းနေကြကြောင်း၊ ဝန်ကြီးချုပ် ပရာယွန် ချန်-အို-ချာလည်း ဒေသစံတော်ချိန် နံနက် ၈း၃၀ နာရီခန့်က ဘန်ကောက်မြို့ရှိ မဲရုံတစ်ခုတွင် ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မတ်လ ၂၄ ရက်၌ ကျင်းပသော အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲထည့်နေသူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဆန္ဒမဲမေးခြင်းကို မတ် ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၈း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ ကျင်းပမည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူ ၅၁ သန်းကျော် စာရင်းပေးထားကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း မဲရုံပေါင်း ၉၀,၀၀၀ ကျော်ထားရှိပြီး မဲဆန္ဒရှင် ၈၀ ရာခိုင်နှုန်း လာရောက်မဲပေးမည်ဟု ရွေးကောက်ပွဲကော်မရှင်က မျှော်မှန်းထားကြောင်း သိရသည်။

တရားဝင် ရွေးကောက်ပွဲရလဒ်များအား မေ ၉ ရက် မတိုင်မီ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.