မနီလာ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Zamboanga မြို့ ရှိ ဗလီတစ်ခုအတွင်း၌ ဇန်နဝါရီ ၃၀ ရက် အစောပိုင်းက လက်ပစ်ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၂ဦးသေဆုံးပြီး အခြားလူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
နယူးဒေလီ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း မတ်ဒရာပရာဒတ်ရှ်ပြည်နယ်တွင် ဇန်နဝါရီလ ၂၉ ရက်အစောပိုင်းက ကားနှစ်စီး ခေါင်းချင်းဆိုင်တိုက်မိခြင်းကြောင့် လူ ၁၂ ဦးထက်မနည်းသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
တိုကျို၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ချီးဘားစီရင်စု ၏ အရှေ့ကမ်းရိုးတန်းအလွန်တွင် ကနဦးတိုင်းတာချက်များအရ အင်အား ၅.၃ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသဌာနက ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားခဲ့သော်လည်း ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။
ဆိုးလ်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ ၏ ဆန်စားသုံးမှုသည် ပြီးခဲ့သောနှစ်တွင် ဆက်လက်ကျဆင်းခဲ့သော်လည်း ဆန်ဖြင့်ပြုလုပ်ထားသည့် အသင့်အစားအစာများစားသုံးမှုမှာ မြင့်တက်လျက်ရှိကြောင်း ဇန်နဝါရီလ ၂၇ ရက်တွင်ထုတ်ပြန်ခဲ့သော အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကဘူးလ်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Ghazni ပြည်နယ် ၌ ညသန်းခေါင်ယံအချိန်တွင် အာဖဂန်စစ်တပ်က စစ်ဆင်ရေးတစ်ခုဆောင်ရွက်ခဲ့ပြီး တာလီဘန်အကျဉ်းထောင်မှ လူ ၃၈ဦးကို ကယ်ဆယ်ခဲ့ကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၂၈ ရက်တွင်ပြောကြားခဲ့သည်။
မနီလာ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ အနောက်တောင်ပိုင်း ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုတွင် ဇန်နဝါရီ ၂၇ ရက်က ဗုံး၂လုံးပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၈ဦးသေဆုံးပြီး အခြားလူ ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောကြားခဲ့သည်။
တိုကျို၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဟွန်ရှူးကျွန်းပေါ်ရှိ အီဝါတီစီရင်စုတွင် ပြင်းအား ၅.၇ ပမာဏရှိသော ငလျင်တစ်ခု ဇန်နဝါရီလ ၂၆ ရက်က လှုပ်ရှားသွားကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဌာနက ပြောကြားခဲ့သည်။
ဆိုးလ်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံရှိ ဒုတိယမြောက် အကြီးဆုံး ကားထုတ်လုပ်သူ Kia Motors ၏ ၂၀၁၈ ခုနှစ်အတွင်း ဝင်ငွေမှာ နှစ်ဆမြင့်တက်ခဲ့ကြောင်း ကုမ္ပဏီက ဇန်နဝါရီလ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ဟနွိုင်း၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် နိုင်ငံတကာ မော်တော်ကား၊ ပို့ဆောင်ရေးနှင့် ထောက်ပံ့ရေး စက်မှုလုပ်ငန်းများပြပွဲအား ဇွန်လ ၁၂ ရက်မှ ၁၅ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း ပြပွဲဖြစ်မြောက်ရေးစီစဉ်သူများက ဇန်နဝါရီလ ၂၅ ရက်တွင် ပြောကြားလိုက်သည်။
မနီလာ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံကို ၂၀၁၈ ခုနှစ်အတွင်း တရုတ် ခရီးသွားဧည့်သည် ၁.၂သန်းကျော် လာရောက်ခဲ့ပြီး အဆိုပါ နိုင်ငံကို ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များထဲ၌ တရုတ် ခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ဒုတိယအများဆုံးဖြစ်ကြောင်း ဖိလစ်ပိုင်ခရီးသွားလာရေး လုပ်ငန်းဦးစီးဌာနက ဇန်နဝါရီ ၂၄ရက်နေ့တွင် ထုတ်ပြန်ခဲ့သော...