Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗား၌ မြေပြိုမှုဖြစ်ပွားရာ လူ ၁၁ ဦးသေဆုံးပြီး ၁၄ ဦးပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် Suka ခရိုင်၌ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်က ဖြစ်ပွားခဲ့သော မြေပြိုမှုအတွင်း နေအိမ်အောက်တွင် ပိတ်မိနေသူတစ်ဦးအား ကယ်ဆယ်ရေးသမားများက သယ်ထုတ်လာစဉ်(ဆင်ဟွာ)

ဂျကာတာ၊ဇန်နဝါရီ၁၀ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အင်ဒိုနီးရှားနိုင်ငံအနောက်ဂျာဗားပြည်နယ်၌ ဇန်နဝါရီ ၉ ရက် ညပိုင်းတွင် မြေပြိုမှုတစ်ခုဖြစ်ပွားရာ လူပေါင်း ၁၁ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း နှင့် အခြား လူ ၁၄ ဦးမှာလည်း ရွှံ့ညွန်များအောက်တွင် ပိတ်မိနေသည်ဟု ယုံကြည်ယူဆရကြောင်း ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့ အကြီးအကဲကဆိုသည်။

အဆိုပါ မြေပြိုမှုသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၉ ရက် ဒေသစံတော်ချိန် ည ၇ နာရီခွဲတွင် ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့(BPBD) အကြီးအကဲ Budi Budiman က ဆင်ဟွာသို့ပြောကြားခဲ့သည်။

“ ဒီမြေပြိုမှုဟာ မြေသားတွေပျော့ပြောင်း မခိုင်မာမှု အနေအထားကြောင်း ဖြစ်ရတာပါ ” ဟု ၎င်းက ဆိုသည်။ မြေပြိုမှုကြောင့် လူနေအိမ် စုစုပေါင်း ၁၄ လုံးပျက်စီးသွားခဲ့ရကြောင်း နှင့် လူ ၁၇ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ယင်းတို့အနက် အချို့ကို ကျေးရွာဆေးပေးခန်းသို့ပို့ဆောင်၍ လိုအပ်သောဆေးဝါးကုသမှုများ ပြုလုပ်ပေးထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြေပြိုမှုအတွင်း ပျောက်ဆုံးနေသူများအား ယနေ့ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းအထိ ဆက်လက်ရှာဖွေနေကြောင်း နှင့် စက်ယန္တရားကြီး သုံးခုကို အသုံးပြု၍ ကယ်ဆယ်ရေးဝန်ထမ်း ၅၀၀ ကျော်ဖြင့် ကြိုးပမ်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။(Xinhua)

—————————————-
(English Version)

Urgent: 11 killed, 14 missing as landslides hit Indonesia’s West Java
JAKARTA, Jan. 10 (Xinhua) — Eleven people were killed, 17 injuried and 14 others were believed to be buried under the mud as landslides struck Indonesia’s West Java province on Saturday night, the head of Emergency Unit of Provincial Disaster Management Agency told Xinhua on Sunday.

Rescuers evacuate a body at a house after landslides struck at Sinaresmi village in Suka Bumi district, West Java, Indonesia, Jan. 1, 2019.
The landslides took place at 7:30 p.m. local time, head of Emergency Unit of Provincial Disaster Management Agency (BPBD) Budiman told Xinhua. Budiman said.
“This is because the condition of the soils on the scene is unstable,” he added.

A total of 14 houses were destroyed by the landslides, leaving 17 people injured, some of whom were being treated at the health clinic in the village, Budiman added.
As search for the missing people resumed on Sunday morning, three heavy machinery equipment were deployed with over 500 rescuers involved in the operation. Enditem