Connect with us

Asia

မလေးရှားနိုင်ငံတွင် ရေကြီးရေလျှံမှု ပိုမိုဆိုးရွားလာကာ လူဦးရေ ၄၆,၀၀၀ ခန့် နေရပ်ရွှေ့ပြောင်းရ

မလေးရှားနိုင်ငံ တောင်ပိုင်း Johor ပြည်နယ်၊ Kota Tinggi မြို့တွင် ရေနစ်မြုပ်နေသည့် လမ်းများကို တွေ့ရစဉ် (ဓာတ်ပုံ-Thomas Yong/The Star/Handout via Xinhua)

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

မလေးရှားနိုင်ငံရှိ ပြည်နယ်များစွာ၌ ပိုမိုဆိုးရွားလာသော ရေကြီးရေလျှံမှုများကြောင့် လူဦးရေ ၄၆,၀၀၀ ခန့် နေရပ်ရွှေ့ပြောင်းခဲ့ရပြီး ရေဘေးရှောင်စခန်း ၄၂၆ ခုတွင် မိသားစု ၁၂,၄၈၇ စု ခိုလှုံနေထိုင်လျက်ရှိကြောင်း မလေးရှား လူမှုဝန်ထမ်းဦးစီးဌာနက ဇန်နဝါရီ ၈ ရက်၌ ပြောကြားခဲ့သည်။

ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်းအထိ Pahang, Terengganu ၊ Kelantan ၊ Perak နှင့် Johor စသည့် ပြည်နယ်များတွင် မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး အရှေ့ဘက်ကမ်းရိုးတန်းပြည်နယ်ဖြစ်သော Pahang ပြည်နယ်က အဆိုးဆုံးထိခိုက်ခံစားခဲ့ရကြောင်း၊ အဆိုပါ ပြည်နယ်အတွင်းရှိ လူဦးရေ ၂၆,၂၅၀ ဦးအား နေရပ်ရွှေ့ပြောင်းရန်လိုအပ်နေပြီး အဆိုပါ ပြည်နယ်ရှိ မြစ်သုံးစင်းမှာလည်း စိုးရိမ်ရေမှတ်ထက် ကျော်လွန်သွားခဲ့ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်အရ သိရသည်။

မလေးရှားနိုင်ငံ တောင်ပိုင်း Johor ပြည်နယ်၊ Kota Tinggi မြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ရေနစ်မြုပ်နေသောနေရာများမှ ပြည်သူများကို ကယ်ဆယ်ရေးသမားများက လှေများအသုံးပြုကာ ကယ်ဆယ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-Thomas Yong/The Star/Handout via Xinhua)

သင်္ဘောနစ်မြုပ်မှုတွင် ပါဝင်သော အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို ဆယ်ယူရရှိခဲ့သဖြင့် ယခုအခါ ရေဖုံးလွှမ်းခြင်းကြောင့် သေဆုံးသူအရေအတွက်မှာ အနည်းဆုံး ၆ ဦးရှိလာပြီဖြစ်ကြောင်း နိုင်ငံပိုင် ဘနားမားသတင်းအေဂျင်စီအရ သိရသည်။

ထို့ပြင် မလေးရှားနိုင်ငံ မိုးလေဝသဌာနကလည်း ရာသီဥတုဆိုးဝါးမှုအတွက် သတိပေးချက် ထုတ်ပြန်ထားသလို ဇန်နဝါရီ ၁၂ ရက်အထိ ဆက်လက်၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)
—————————————-
(English Version)
Flooding in Malaysia worsens, 46,000 displaced
2021-01-08 17:06:54
KUALA LUMPUR, Jan. 8 (Xinhua) — Worsening floods in several Malaysian states have displaced some 46,000 people, with 12,487 families being sheltered in 426 flood relief centers, the Malaysian Department of Social Welfare said on Friday.
As of Friday afternoon, the states of Pahang, Terengganu, Kelantan, Perak and Johor have seen strong downpours with the east coast state of Pahang being the worst hit, with 26,250 people having to be evacuated and three rivers in the state having passed the danger level, according to the data released by the department.
The body of a 19-year-old woman who had fallen off a capsized boat was recovered, according to state news agency Bernama, bringing the death toll related to the floods to at least six.
Meanwhile, Malaysia’s meteorological department issued an alert warning that the bad weather and continuous heavy rains are expected to continue till Jan. 12. Enditem
1-Streets are submerged in Kota Tinggi of south Malaysia’s Johor state, Jan. 5, 2021. (Photo by Thomas Yong/The Star/Handout via Xinhua)
2-Rescuers use boats to evacuate people as parts of the town area are submerged due to continuous rainfall in Kota Tinggi of south Malaysia’s Johor state, Jan. 4, 2021. (Photo by Thomas Yong/The Star/Handout via Xinhua)■