ဘန်ကောက်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) အပူပိုင်းမုန်တိုင်း ပါဘတ် (Pabuk) သည် ဇန်နဝါရီလ ၅ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲကာ ထိုင်းနိုင်ငံတောင်ပိုင်း တစ်ဖက်ခြမ်းမှ အခြားတစ်ဖက်ခြမ်းသို့ ရွေ့လျားသွားနေကြောင်း၊ လေပြင်းတိုက်ခတ်မှု မြင့်မားခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဒီရေမြင့်တက်ခြင်းများ ရှိနိုင်ကြောင်း သိရသည်။
မနီလာ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာဂွင်ဒါနိုပြည်နယ်တွင် မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်မှု စစ်ဆင်ရေးများအတွင်း မြို့တော်ဝန်ဟောင်းတစ်ဦးနှင့် ၎င်း၏ အစ်ကိုဖြစ်သူတို့ ဇန်နဝါရီလ ၄ ရက်အစောပိုင်းက သေဆုံးသွားခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ရပ်ကွက်တစ်ခုတွင် ဓာတ်ငွေ့ဆလင်ဒါအိုးပေါက်ကွဲမှုပြီးနောက် အဆောက်အဦတစ်လုံး ဇန်နဝါရီလ ၃ ရက်ညပိုင်းက ပြိုကျခဲ့ရာ လူ ၇ ဦး ထက်မနည်းသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာ. သတင်းမျာအးရ သိရသည်။
ဒါကာ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒီဇင်ဘာလ ၃၀ ရက်က လွှတ်တော်ရွေးကောက်ပွဲပြီးနောက် အတိုက်အခံများ သပိတ်မှောက်နေသည့်ကြားမှ အသစ်ရွေးကောက်ခံထားရသော လွှတ်တော်အမတ်များက ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
ကွာလာလမ်ပူ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ ပီနန်ပြည်နယ်တွင် စီစီတီဗီကင်မရာများမှတစ်ဆင့် ပြစ်မှုကျူးလွန်သူများ၏ မျက်နှာကို ခွဲခြားနိုင်သောစနစ်အား ဇန်နဝါရီလ ၂ ရက်က တပ်ဆင်အသုံးပြုခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ပါကစ္စတန် ထိန်းချုပ်ထားသည့် ကက်ရှမီးယား(Kashmir) ဒေသအတွင်း၌ အိန္ဒိယ မောင်းသူမဲ့ ဒရုန်းတစ်စင်းအား ဇန်နဝါရီလ ၂ ရက် နှောင်းပိုင်းတွင် ပါကစ္စတန် ကြည်းတပ်က ပစ်ချခဲ့ရာ ယင်းမှာ နှစ်ရက် အတွင်း ဒုတိယအကြိမ်မြောက် မောင်းသူမဲ့ ဒရုန်းအား ပစ်ချခဲ့ခြင်း...
တိုကျို ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ Niigata စီရင်စု Sadoမြို့ လူနေအဆောက်အအုံတစ်ခုတွင် ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားရာ အနီးရှိ လူနေအိမ်ခြေများနှင့်ဆိုင်ခန်းများအပါအဝင် အဆောက်အအုံ ၁၀ ခု ကျော်ကို မီးကူးဆက်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် သေဆုံးသူ ၃ ဦး...
နယူးဒေလီ ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အိုဒီရှာပြည်နယ်(Odisha) ပြည်နယ် ၊ ကန်ဒါပရာခရိုင်(Kendrapara)ရှိ မြစ်တစ်ခုထဲတွင် ဇန်နဝါရီ ၂ ရက်က ငါးဖမ်းလှေတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီး ၁ ဦး ရေနစ်သေဆုံးသွားကြောင်း နှင့် အခြား လူ ၉ ဦးပျောက်ဆုံးလျက် ရှိကြောင်း ဒေသတွင်း...
ဟိုချီမင် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ တောင်ပိုင်း လုံအန်(Long An) ဒေသတွင် ဇန်နဝါရီ ၂ ရက် မွန်းလွဲပိုင်းက ယာဉ်သွားလမ်းပေါ်ရှိ မီးပွိုင့်တစ်ခု မီးနီစဉ် ကားအရှိန်သတ်ရာမှ ကုန်တင်တွဲယာဉ်တစ်စီးသည် ဆိုင်ကယ် အစီး ၂ဝ ခန့်ကို ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ...
ဘန်ကောက်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၏ ဘုရင် မဟာ ဗာဂျီရယ်လောင်ကွန်း (Maha Vajiralongkorn) သည် နန်းတက်ပွဲအခမ်းအနားများအား မေလ ၄ ရက်မှ ၆ ရက်အထိ ကျင်းပကာ ထီးနန်းတက်မည် ဖြစ်ကြောင်း တော်ဝင်အိမ်တော်ဗျူရိုက ဇန်နဝါရီလ ၁ ရက်က ပြောကြားခဲ့သည်။