Connect with us

Asia

တရုတ်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားအဖွဲ့ကို ကပ်ရောဂါဖြစ်ပွားချိန်မှစ၍ ပထမဆုံးအသုတ်အဖြစ် ထိုင်းနိုင်ငံ လက်ခံ

ထိုင်းနိုင်ငံ ကရာဘိကျွန်းတွင် ကမ္ဘာလှည့်ခရီးသွားများကို တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံသို့ လာရောက်သော တရုတ်နိုင်ငံမှ ခရီးသွားအုပ်စုသည် ပထမဆုံးအသုတ်အဖြစ် အောက်တိုဘာ ၂၀ ရက် ညနေတွင် ဘန်ကောက်လေဆိပ်သို့ ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။

ရှန်ဟိုင်းမှ အထူးခရီးသွားဗီဇာ (STV) ဖြင့် ခရီးသည် ၄၁ ဦးပါဝင်သော ပထမဆုံးကမ္ဘာလှည့်ခရီးသွားအဖွဲ့သည် COVID-19 စတင်ဖြစ်ပွားချိန်မှစ၍ ထိုင်းနိုင်ငံက ပထမဆုံးဆင်းသက်ခွင့်ပြုသည့်ခရီးသွားအဖွဲ့ဖြစ်သည်။“အောက်တိုဘာ ၂၀ ရက် ညနေမှာ ပထမဆုံး တရုတ်ခရီးသွားအဖွဲ့ ရောက်လာပါတယ်။ ထိုင်းအစိုးရအနေနဲ့တော့ ခရီးသည်တွေအတွက် ကြိုဆိုအခမ်းအနားပွဲ စီစဉ်တာမျိုးတော့ မရှိပါဘူး” ဟု ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ (TAT) ၏ အုပ်ချုပ်သူ Yuthasak Supasorn ကပြောခဲ့သည်။
“ခရီးသည်တွေဟာ ပုံစံတချို့ဖြည့်စွက်ရမှာတွေ နိုင်ငံတော်ကစီစဉ်ထားတဲ့ COVID-19 ခြေရာခံ လုပ်ငန်းစဉ် ဒေါင်းလုပ်ဒ်ဆွဲရမှာတွေ လုပ်ဆောင်ရမယ့်အစား ဟိုတယ်ကွာရန်တင်းနေရာများသို့ ချက်ချင်းထွက်ခွာခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။ဒုတိယအသုတ်အနေဖြင့် ကွမ်ကျိုးပြည်နယ်မှ လူ ၁၀၀ ပါဝင်သည့် အောက်တိုဘာ ၂၆ ရက်တွင်လည်းကောင်း၊ ရှန်ဟိုင်းမှ နောက်ထပ်အဖွဲ့ကမူ အောက်တိုဘာ ၂၈ ရက်တွင်လည်းကောင်း လေယာဉ်ဖြင့် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

“အခုအချိန်အထိ တရုတ်ခရီးသည်တွေ ရောက်ရှိမှုကို ကိုင်တွယ်ရာမှာ ကျွန်တော်တို့ တော်တော်လေး အောင်မြင်မှုရရှိနေခဲ့ပါတယ်။ ကျန်းမာရေးထိန်းချုပ်မှု လုပ်ဆောင်ချက်တွေ လိုက်နာဆောင်ရွက်ရာမှာ နှစ်ဖက်စလုံးမှာ အလွန်တရာပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်” ဟု TAT အုပ်ချုပ်ရေးမှူးကဆိုသည်။

“ကျွန်တော်တို့ ဥရောပက လာရောက်မယ့် STV ခရီးသွားအဖွဲ့နည်းနည်းရှိတယ် ၊ဒါပေမဲ့ ကျွန်တော်တို့ ဘယ်လေဆိပ်မှာဆင်းသက်မလဲဆိုတာ တွက်ချက်နေရတုန်းပဲ။ ခရီးသည်တွေက ဘယ်နေရာမှာ ၁၄ ရက် မဖြစ်မနေ အသွားအလာကန့်သတ်စောင့်ကြည့် (ကွာရန်တင်း) ဖို့ ဘွတ်ကင်တင်မလဲဆိုတာပေါ် မူတည်နေတယ် ” ဟု Yuthasak က ပြောခဲ့သည်။

အထူးဗီဇာအစီအစဉ်အသစ်သည် ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၉၀ နေထိုင်ခွင့်ပြုထားပြီး နှစ်ကြိမ်ထပ်မံ သက်တမ်းတိုးကာ ကိုးလခန့်အထိ နေထိုင်နိုင်သည်။
အဆိုပါအစီအစဉ်သည် COVID-19 ကပ်ရောဂါကြောင့် ဆိုးဝါးစွာထိခိုက်လျက်သည့် ထိုင်းခရီးသွားလုပ်ငန်းကို ကယ်တင်ရေးကြိုးပမ်းမှုတစ်ခုအဖြစ် ထိုင်းအစိုးရအဖွဲ့မှ အစောပိုင်းက အတည်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.