Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံး Padma တံတား၏ ၃၃ ခုမြောက်အပိုင်း တပ်ဆင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ Munshiganj ခရိုင်ရှိ Padma တံတား၏ တိုင်များပေါ်တွင် တံတားအပိုင်းတစ်ခု တပ်ဆင်ထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်အကြီးဆုံးဖြစ်ပြီး တရုတ်နိုင်ငံက တည်ဆောက်လျက်ရှိသည့် Padma တံတား၏ ၃၃ ခုမြောက် တံတားအပိုင်းကိုတပ်ဆင်ခဲ့ပြီး တံတားတည်ဆောက်မှု ၅ ကီလိုမီတာနီးပါးအထိ ရောက်ရှိလာပြီကို အောက်တိုဘာ ၁၉ ရက်က မြင်တွေ့နိုင်ပြီဖြစ်သည်။

China Railway Major Bridge Engineering Group Co, Ltd (MBEC) မှ အင်ဂျင်နီယာများသည် ၃,၂၀၀ တန်ခန့် အလေးချိန်ရှိသော တံတားအပိုင်းကို တိုင် ၃ နှင့် တိုင် ၄ အတွင်း အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက အောင်မြင်စွာနေရာချထားနိုင်ခဲ့ကြောင်း Padma ဘက်စုံသုံးတံတားစီမံကိန်း၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အကြီးတန်း အင်ဂျင်နီယာ Dewan Abdul Quader က ဆင်ဟွာသို့ ပြောခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ Munshiganj ခရိုင်ရှိ Padma တံတား၏ တိုင်များပေါ်တွင် တံတားအပိုင်းတစ်ခု တပ်ဆင်ထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

 ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ Munshiganj ခရိုင်ရှိ Padma တံတား၏ တိုင်များပေါ်တွင် တံတားအပိုင်းတစ်ခု တပ်ဆင်ထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

၆.၁၅ ကီလိုမီတာအရှည်ရှိသည့် အဆိုပါ တံတားပေါ်တွင် တံတားအပိုင်း ၄၁ ခုအနက် ၃၃ ခုကို တပ်ဆင်ခဲ့ပြီးဖြစ်ကာ ယခုအခါ တံတားအရှည် ၄,၉၅၀ မီတာကို တွေ့မြင်နိုင်ပြီဖြစ်သည်။Quader က ယခုလအတွင်း တံတားအပိုင်း နှစ်ခု ထပ်မံတပ်ဆင်သွားမည်ဖြစ်ပြီး ကျန်တံတားအပိုင်းများကို ဒီဇင်ဘာလတွင် တပ်ဆင်မည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက နိုင်ငံတွင် အကြီးဆုံးတံတားအမျိုးအစားဖြစ်သော Padma တံတားစီမံကိန်း၏ အဓိကလုပ်ငန်းဆောင်ရွက်မှုကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ဖွင့်လှစ်ပေးခဲ့သည်။အဆိုပါ တံတားသည် အမှတ် ၁ အာရှအဝေးပြေးလမ်းမကြီးနှင့် အာရှဖြတ်ကျော် ရထားလမ်းကွန်ရက်တစ်လျှောက် ဒေသတွင်းကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.