Connect with us

Asia

ဗီယက်နမ်နိုင်ငံ၌ မြေပြိုမှုအတွင်း စစ်သား ၁၄ ဦး သေဆုံး ၊ ပျောက်ဆုံးနေသူများအား ဆက်လက်ရှာဖွေနေ

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Quang Tri ပြည်နယ်တွင် မြေပြိုမှုဖြစ်ပွားနေသည်ကို အောက်တိုဘာ ၁၈ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဟနွိုင်း ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Quang Tri ပြည်နယ်တွင် အောက်တိုဘာ ၁၈ ရက်က မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး စစ်သား ၁၄ ဦးသေဆုံးသွားခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီ(VNA) က ဖော်ပြခဲ့သည်။

နံနက်ပိုင်းတွင် သေဆုံးသူ သုံးဦး ရှိခဲ့ရာမှ နောက်ထပ် ရုပ်အလောင်း ၁၁ လောင်း ထပ်မံ ရှာဖွေတွေ့ရှိခဲ့သဖြင့် သေဆုံးသူအရေအတွက်မှာ ၁၄ ဦးအထိ မြင့်တက်သွားခဲ့ခြင်းဖြစ်သည်။ ကနဦးသတင်းများအရ မြေပြိုမှုအတွင်း စစ်သား ၂၂ ဦးထိ မြေအောက် ဖုံးလွှမ်း ပိတ်မိနေခဲ့ကြောင်း နှင့် ပျောက်ဆုံးနေသူများအား ရှာဖွေရေး နှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Quang Tri ပြည်နယ်တွင် မြေပြိုမှုဖြစ်ပွားနေသည်ကို အောက်တိုဘာ ၁၈ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ မြေပြိုမှုသည် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Quang Tri ပြည်နယ်၏ တောတောင်ထူထပ်သော Huong Hoa ခရိုင်အတွင်းရှိ တောင်စောင်းတစ်ခုတွင် တည်ဆောက်ထားသည့် စစ်စခန်း တစ်ခု၌ အောက်တိုဘာ ၁၈ ရက် နံနက် ၁ နာရီ ၂၅ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း VNA သတင်းဌာန ကဆိုသည်။

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Quang Tri ပြည်နယ်တွင် မြေပြိုမှုဖြစ်ပွားနေသည်ကို အောက်တိုဘာ ၁၈ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Quang Tri ပြည်နယ်တွင် မြေပြိုမှုဖြစ်ပွားနေသည်ကို အောက်တိုဘာ ၁၈ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဒေသများတွင် အောက်တိုဘာ ၂၁ ရက်အထိ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားပြီး ယင်းရက်များတွင် မိုးရေချိန်သည် ၄၀၀ မီလီမီတာ မှ ၆၀၀ မီလီမီတာ အထိ ရှိနိုင်ကြောင်း နှင့် အချို့နေရာများတွင် မိုးရေချိန် ၇၀၀ မီလီမီတာအထိ အမြင့်ဆုံးရောက်ရှိနိုင်ကြောင်း သိရသည်။ယင်းဒေသများတွင် ရေကြီးရေလျှံမှုအန္တရာယ် ကြုံတွေ့နိုင်ချေအမြင့်ဆုံး ရှိနေဆဲဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ အမျိုးသား မိုးလေဝသ နှင့် ဇလဗေဒ ခန့်မှန်းမှုဌာန၏ ပြောကြားချက်ကို ကိုးကား၍ VNA သတင်းဌာနက ဖော်ပြခဲ့သည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.