ဘန်ကောက်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် ၂၀၁၉ခုနှစ် အထွေထွေရွေးကောက်ပွဲ အပြီး ထိုင်းဘုရင် မဟာဝိဇီယလောင်ကွန်း ၏ ဘိသိက်ခံယူပွဲအခမ်းအနားအား ကျင်းပရန် စီစဉ်ထားကြောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က ဒီဇင်ဘာ ၄ရက်တွင်ပြောကြားခဲ့သည်။
ဂျာကာတာ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း Papuaပြည်နယ်Ndugaခရိုင်ရှိ လမ်းဆောက်လုပ်ရေးစီမံကိန်းတစ်ခု အတွင်းသို့ လွန်ခဲ့သောရက်များက လက်နက်ကိုင်များ ဝင်ရောက်တိုက်ခိုက်ရာ အလုပ်သမားဝန်ထမ်း ၃၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ရာရီဗန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) အာမေးနီးယားနိုင်ငံ စစ်တပ်မှ SU-25 စစ်လေယာဉ်တစ်စီးသည် ဒီဇင်ဘာ ၄ရက် နံနက်ပိုင်းတွင် Transcaucasian ပြည်နယ် အနောက်မြောက်ပိုင်းရှိ တောင်တန်းများပေါ်တွင် ပျက်ကျခဲ့ပြီး လေယာဉ်မှူး ၂ဦးသေဆုံးခဲ့ကြောင်း အာမေးနီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံလုံခြုံရေးတပ်ဖွဲ့က ဒီဇင်ဘာ ၁ ရက်တွင် နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunhwaပြည်နယ် Dera Ismail Khanဒေသ၌ ဖမ်းဝရမ်းထုတ်ထားသည့်အကြမ်းဖက်သမား တစ်ဦး အား ပစ်ခတ်ရှင်းလင်းခဲ့ပြီး ဓါးစာခံ ၆ ဦးကို ကယ်ဆယ်ခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ စစ်ဘက်ဆိုင် ရာ...
နယူးဒေလီ၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း Assam ပြည်နယ် ၌ ဒီဇင်ဘာ ၁ရက်တွင် မြို့ပတ်ရထားတစ်စီးအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
နယူးဒေလီ၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း West Bengal တွင် အတုဖြစ်နိုင်သောအရက်ကို သောက်သုံးမိ၍ လူ ၁၂ ဦးထက်မနည်း သေဆုံးပြီး အခြားသူ ၂၅ ဦးမှာ နေထိုင်မကောင်းဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများက နိုဝင်ဘာလ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ဂျာကာတာ၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဥပဒေရေးရာ နှင့် လူအခွင့်အရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အင်ဒိုနီးရှားနိုင်ငံ အနောက်စွန်းရှိ Aceh ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းချိန်တွင် ပြတင်းပေါက်များကို ချိုးဖျက်၍ အကျဉ်းသား ၁၁၃ဦး အကျဉ်းထောင်တစ်ခု မှ လွတ်မြောက်သွားခဲ့ကြောင်း နိုဝင်ဘာ ၂၉ ရက်...
ဘန်ကောက်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မှောင်မိုက်သည့် လမ်းဘေးတစ်နေရာတွင် ဆင်တစ်ကောင်အား ပစ်ကပ်ကားတစ်စီး ဝင်တိုက်မိသဖြင့် ယာဉ်မောင်းသူသေဆုံးသွားခဲ့ကြောင်း နိုဝင်ဘာလ ၂၉ ရက်သတင်းများ၌ ဖော်ပြထားသည်။
ခတ္တမန္ဒူ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) နီပေါနိုင်ငံမှ အသက် ၁၇ နှစ်အရွယ် မိန်းကလေး Bandana Nepal သည် ၁၂၆ နာရီကြာ မရပ်မနားကခုန်ပြီး “တစ်ကိုယ်တော် မရပ်မနား အချိန်ကြာဆုံး ကခုန်ခြင်း” ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် ဒေလီအကြီးတန်းရဲအရာရှိတစ်ဦးသည် နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ရဲဌာနချုပ် ၏ ၁၀လွှာမြောက်မှ ခုန်ချသတ်သေသွားခဲ့ကြောင်း သိရသည်။