Connect with us

Asia

တရုတ်-လာအို ရထားလမ်းအတွင်း ပထမဆုံး ဆက်ရာမရှိသောရထားသံလမ်းများကို ဂဟေဆော်

တရုတ်နိုင်ငံ ရထားလုပ်ငန်း အမှတ် ၂ အင်ဂျင်နီယာအဖွဲ့ (CREC-2) က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မြောက်ဘက် ဆင်ခြေဖုန်းတွင် ပထမဆုံး ဆက်ရာမရှိသောရထားသံလမ်းများ ဂဟေဆက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) 

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော် မြောက်ပိုင်း ဆင်ခြေဖုန်းတွင် တရုတ်-လာအို ရထားလမ်းအတွက် ပထမဆုံး ဆက်ရာမရှိသောရထားသံလမ်းများကို တရုတ်နိုင်ငံ ရထားလုပ်ငန်း အမှတ် ၂ အင်ဂျင်နီယာအဖွဲ့ (CREC-2) က ဇွန် ၁၈ ရက်တွင် ဂဟေဆော်ခဲ့ကြောင်း သိရသည်။ 

တစ်ဆက်တည်းဂဟေဆော်ထားသော ရထားသံလမ်း (CWR) ခေါ် ဆက်ရာမရှိသောရထားသံလမ်းသည် သံမဏိရထားသံလမ်း သက်တမ်းကို တိုးမြှင့်ပေးနိုင်ကြောင်း၊ မီးရထားစက်ခေါင်းများနှင့် လမ်းကြောင်းများ ထိန်းသိမ်းမှု ကုန်ကျစရိတ်များကို လျှော့ချပေးနိုင်ကြောင်း၊ ရထား၏ တည်ငြိမ်မှုနှင့် အရှိန်ကို မြှင့်တင်ပေးနိုင်ကြောင်းနှင့် ခရီးသွားလာမှုကို ပိုမိုသက်သောင့်သက်သာစေနိုင်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ရထားလုပ်ငန်း အမှတ် ၂ အင်ဂျင်နီယာအဖွဲ့ (CREC-2) က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မြောက်ဘက် ဆင်ခြေဖုန်းတွင် ပထမဆုံး ဆက်ရာမရှိသောရထားသံလမ်းများ ဂဟေဆက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရထားလုပ်ငန်း အမှတ် ၂ အင်ဂျင်နီယာအဖွဲ့ (CREC-2) က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မြောက်ဘက် ဆင်ခြေဖုန်းတွင် ပထမဆုံး ဆက်ရာမရှိသောရထားသံလမ်းများ ဂဟေဆက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရထားလုပ်ငန်း အမှတ် ၂ အင်ဂျင်နီယာအဖွဲ့ (CREC-2) က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မြောက်ဘက် ဆင်ခြေဖုန်းတွင် ပထမဆုံး ဆက်ရာမရှိသောရထားသံလမ်းများ ဂဟေဆက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်း၏ ဆက်ရာမရှိရထားသံလမ်း တည်ဆောက်မှုတွင် Mobile flash contact welding နည်းပညာကို အသုံးပြုထားခြင်း ဖြစ်သည်။ 

ရထားလမ်းတည်ဆောက်မှု စီမံကိန်းဌာနအနေဖြင့် လမ်းကြောင်းတစ်ခုတည်းလည်ပတ်ခြင်း၏ အခက်အခဲများ၊ ရာသီဥတုဆိုးဝါးမှုနှင့် COVID-19 ကပ်ရောဂါဖြစ်ပွားမှုအတွင်း လုပ်သားရှားပါးမှုများကြောင့် အခက်အခဲများကို ကျော်လွှားခဲ့ရကြောင်းနှင့် မြောက်ဘက်သို့ ဦးတည်သည့် တရုတ်-လာအို ရထားလမ်း တိုးချဲ့ရန် ဆက်ရာမရှိရထားသံလမ်း ဂဟေဆော်ခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း တရုတ်-လာအို ရထားလမ်း CREC-2 အထွေထွေနည်းပညာ မန်နေဂျာ ရန်ချန်းနန်က ပြောခဲ့သည်။ 

CREC-2 နှင့် အခြားပါဝင်သည့် အင်ဂျင်နီယာအဖွဲ့များသည် ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဆောင်ရွက်ချက်များ လုပ်ဆောင်လျက် တည်ဆောက်မှု အရှိန်မြှင့်တင်ရန် ဆက်လက်လုပ်ဆောင်ခဲ့ကြကြောင်း ဗီယင်ကျန်းမြို့ အခြေစိုက် ဖက်စပ်လုပ်ငန်းဖြစ်သော ရထားလမ်း တည်ဆောက်ခြင်းနှင့် လည်ပတ်ခြင်းဆိုင်ရာ ကြီးကြပ်ရေးတာဝန်ခံ လာအို-တရုတ် ရထားလုပ်ငန်း ကုမ္ပဏီလီမိတက် (LCRC) ၏ ပြောကြားချက်အရ သိရသည်။ 

ကုမ္ပဏီအနေဖြင့် ရထားလမ်းတည်ဆောက်မှု လုပ်ဆောင်ရာတွင် ကူးစက်ရောဂါ ကာကွယ်ရေးကိုလည်း ကြပ်ကြပ်မတ်မတ် ဆောင်ရွက်လျက်ရှိကြောင်း LCRC အထွေထွေမန်နေဂျာ ရှောက်ချင်ဝမ်က ဆင်ဟွာသို့ ပြောခဲ့သည်။ 

တရုတ်-လာအိုရထားလမ်းသည် တရုတ်နိုင်ငံမှ အဆိုပြုထားသော ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်၏ စီမံကိန်းတစ်ခုဖြစ်ပြီး နှစ်နိုင်ငံ ပူးတွဲလုပ်ကိုင်ခြင်းဖြင့် လာအိုနိုင်ငံကို ကုန်းတွင်းပိတ်နိုင်ငံမှ ကုန်းတွင်းချိတ်ဆက်အချက်အခြာနိုင်ငံအဖြစ် ပြောင်းလဲလာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။ 

အဆိုပါ ရထားလမ်းတွင် ၁၉၈ ကီလိုမီတာရှည်သော ဥမင်များနှင့် ၆၂ ကီလိုမီတာရှိသော တံတားများရှိပြီး တရုတ်နိုင်ငံ နယ်စပ်ဖြစ်သော လာအိုနိုင်ငံ မြောက်ပိုင်းရှိ Boten နယ်စပ်ဂိတ်မှ ဗီယင်ကျန်းမြို့သို့ တစ်နာရီလျှင် ၁၆၀ ကီလိုမီတာ အမြန်နှုန်းဖြင့် ပြေးဆွဲသွားမည် ဖြစ်သည်။ 

လျှပ်စစ်ဓာတ်အားသုံး ခရီးသည်တင်နှင့် ကုန်တင်ရထားလမ်းအား တရုတ်နိုင်ငံ၏ စီမံခန့်ခွဲမှုနှင့် နည်းပညာစံနှုန်းများဖြင့် အပြည့်အဝဖော်ဆောင် တည်ဆောက်လျက်ရှိသည်။ 

အဆိုပါ စီမံကိန်းအား ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် ပြီးစီးရန်နှင့် ဖြတ်သန်းသွားလာရေးအတွက် ဖွင့်လှစ်သွားရန် လျာထားကြောင်း သိရသည်။  (Xinhua)