တိုကျို၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဖူကူရှီးမားစီရင်စု ကမ်းရိုးတန်းအလွန်တွင် နိုဝင်ဘာ ၂၃ ရက်က ကနဦးတိုင်းတာချက်များအရ အင်အား ၅.ဝပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း ဂျပန်နိုင်ငံမိုးလေဝသဌာန က ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ ကရာချိမြို့ရှိ သံတမန်ရပ်ကွက်တွင် နိုဝင်ဘာလ ၂၃ ရက်နံနက်ပိုင်းက အကြမ်းဖက် တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ဆေးရုံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဟနွိုင်း ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ Binh Phuoc ပြည်နယ်တွင် ဆီတင်ယာဉ်တစ်စီး တိမ်းမှောက်မီးလောင်မှုကြောင့် လူနေအိမ်များ မီးလောင်ကျွမ်းခဲ့ရာ အနည်းဆုံး ၆ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့ ကြောင်း ဗီယက်နမ် မီဒီယာများ၏ သတင်းများအရ သိရသည်။
အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် ရှိ ဗလီတစ်ခုအတွင်း နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်း၌ဖော်ပြခဲ့သည်။
မေးလ်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) မော်လ်ဒိုက်နိုင်ငံသည် ၂၀၁၆ ခုနှစ်က နုတ်ထွက်ခဲ့သည့် ဓနသဟာယနိုင်ငံများအဖွဲ့၏ အဖွဲ့ဝင်အဖြစ် တစ်ဖန် ပြန်လည်ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ကြောင်း သမ္မတ Ibrahim Mohamed Solih က ၎င်း၏ အစိုးရအဖွဲ့သစ်အား အသိပေးလိုက်ကြောင်း နိုဝင်ဘာလ ၂၁ ရက်တွင် သမ္မတရုံးက...
နယူးဒေလီ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ထရီပူရပြည်နယ်မြို့တော် အဂါတာလာတွင် နိုဝင်ဘာလ ၂၂ ရက်မှ ၂၄ ရက်အထိ သတ္တမအကြိမ်မြောက် “နိုင်ငံတကာ ခရီးသွားလုပ်ငန်းပွဲ” ကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မနီလာ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ချစ်ကြည်ရေးခရီးစဉ်အတွင်း ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုအား သဘောတူပြီး ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးရန် သဘောတူကြောင်း ပူးတွဲကြေညာချက်တစ်စောင်အား နိုဝင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
နယူးဒေလီ ၊ နိုဝင်ဘာ၂၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ Odishaပြည်နယ်တွင် နိုဝင်ဘာ ၂၀ ရက်နေ့ ညပိုင်းက ဘတ်စ်ကားတစ်စီး တံတားအောက်ထိုးကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး လူ ၄၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အိန္ဒိယ သတင်းမီဒီယာများ ဖော်ပြချက်များအရသိရသည်။
ဆိုးလ်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံက မြို့တော် ဆိုးလ်တွင် အာရှအတွက် ဘိုးအောက်ဖိုရမ် (Boao Forum for Asia) ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပပြီး စီးပွားရေးသမားများနှင့် အစိုးရတာဝန်ရှိသူ ၈၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့တစ်ဖွဲ့က အသုံးမလို၍ စွန့်ပစ်သွားခဲ့သော ဖောက်ခွဲရေးပစ္စည်းများ နိုဝင်ဘာ ၂၀ရက်က ရုတ်တရက်ပေါက်ကွဲခဲ့ရာ လူ ၆ဦးသေဆုံးပြီး လူ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း နောက်ဆုံးရသတင်းများအရ သိရသည်။