Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံက လေတပ်အင်အားတိုးချဲ့ရန်F-16 ဂျက်တိုက်လေယာဉ်များ ထပ်မံဝယ်ယူ

အမေရိကန်နိုင်ငံထုတ် F-16 ဂျက်တိုက်လေယာဉ်တစ်စင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ၊အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံလေတပ်သည် နိုင်ငံ၏ ဝေဟင်ပိုင်နက် ကာကွယ်ရေး တိုးမြှင့်ရန် ခြေလှမ်းတစ်ရပ်အနေဖြင့် လာမည့်နှစ်တွင် တိုက်ပွဲဝင် F-16 ဂျက်တိုက်လေယာဉ် အုပ်စု နှစ်ခု ထပ်မံဝယ်ယူသွားမည်ဖြစ်ကြောင်း လေတပ်စစ်ဉီးစီးချုပ် Yuyu Sutisna က အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ တိုက်လေယာဉ်အုပ်စု နှစ်ခုထပ်မံဝယ်ယူပြီးပါက အင်ဒိုနီးရှားနိုင်ငံသည် F-16 ဂျက်တိုက်လေယာဉ် အုပ်စု လေးခုအထိ ပိုင်ဆိုင်သည့် နိုင်ငံ ဖြစ်လာမည်ဖြစ်သည်။ဂျက်တိုက်လေယာဉ်သစ်များကို အမေရိကန်နိုင်ငံ၏ အကြီးဆုံး လေယာဉ်ထုတ်လုပ်ရေး၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ၊ လုံခြုံရေး နှင့် ခေတ်မီနည်းပညာမြင့် ကမာ္ဘ့ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည့် လော့ဒ်ဟီမာတင်(Lockheed Martin) မှ ထုတ်လုပ်ပေးခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် မှ ၂၀၂၄ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံသို့လေယာဉ်များ ပေးပို့နိုင်မည်ဖြစ်ကြောင်း လေတပ်အကြီးအကဲက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံသည် ဝေဟင်လုံခြုံရေးကို ကာကွယ်ရန် F-16 ဂျက်တိုက်လေယာဉ်များအပေါ် မှီခိုနေရဆဲဖြစ်ကြောင်း လေတပ်ဉီးစီးချုပ် Sutisna က ဝန်ခံပြောကြားခဲ့သည်။“  ကျွန်တော်တို့ဟာ နောက်ဆုံးပေါ် Block 72 Viper ပုံစံသစ်နဲ့ထုတ်လုပ်ထားတဲ့ တိုက်လေယာဉ် အုပ်စုနှစ်ခုကို ဝယ်ယူသွားမှာပါ” ဟု အင်ဒိုနီးရှားနိုင်ငံ၏ အဆင့်မြင့် စစ်အရာရှိကြီးက  Riau ပြည်နယ် Pekanbaruမြို့ ရှိ Roesmin Nurjadin လေတပ်အခြေစိုက်စခန်း၌ ပြောကြားခဲ့သည်။ ၎င်းက အင်ဒိုနီးရှားလေတပ်အနေဖြင့် အမေရိကန်နိုင်ငံထုတ် ဂျက်တိုက်လေယာဉ်များအပြင် ရုရှားနိုင်ငံထုတ် Su-35  ဂျက်တိုက်လေယာဉ်များကိုလည်း ဝယ်ယူသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်ကိုများကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။(Xinhua)