Connect with us

Asia

မြောက်ကိုရီးယားက အရှေ့ပင်လယ်ဆီဦးတည်ကာ အမျိုးအမည်မသိ ကျည်ဖူးပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းဒုံးကျည် အမျိုးအစားသစ် Pukguksong-3 အား စမ်းသပ်ပစ်လွှတ်ခဲ့သည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံက အရှေ့ပင်လယ်ဆီဦးတည်ကာ အမျိုးအမည်မသိ ကျည်ဖူးတစ်ခု ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ကျည်ဖူးအား မွန်းလွဲပိုင်းတွင် ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု JCS က ကြေညာချက်တွင် ပြောကြားထားပြီး နောက်ထပ်အသေးစိတ်အချက်အလက်များ ဖော်ပြထားခြင်းမရှိပေ။

တောင်ကိုရီးယားစစ်တပ်အနေဖြင့် ဆက်စပ်အခြေအနေများအား စောင့်ကြည့်ခြင်းနှင့် ဖြစ်လာနိုင်ဖွယ်ရှိသော ကျည်ဖူးထပ်မံပစ်လွှတ်မှုများအတွက် ကြိုတင်ပြင်ဆင်ရေးအပိုင်းတွင် ကာကွယ်ရေး ရပ်တည်ချက် ထိန်းသိမ်းခြင်းများအား အနီးကပ်လုပ်ဆောင်ခဲ့ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံမှ နောက်ဆုံးအကြိမ် ကျည်ဖူးပစ်လွှတ်မှုမှာ အောက်တိုဘာ ၂ ရက်ကဖြစ်ပြီး ရေငုပ်သင်္ဘောမှပစ်နိုင်သည့် Pukkuksong အမျိုးအစား ပဲ့ထိန်းဒုံးကျည်တစ်ခုအဖြစ် တောင်ကိုရီးယားဘက်မှ သိရှိခဲ့ကြောင်း သိရသည်။ (Xinhua)