Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် သုံးရက်အတွင်း ပြင်းအား ၆ အဆင့်ကျော်ရှိ ငလျင် သုံးကြိမ်ဆက်တိုက်လှုပ်ခတ်

ဖိလစ်ပိုင်နိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးနေသည့် နေအိမ်တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ၊အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းက အင်အား ၆.၅ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ငလျင်လှုပ်ခတ်ချိန်တွင် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း အကြီးဆုံးမြို့ဖြစ်သည့် ဒါဗောင်း(Dabaw)မြို့အပါအဝင် Mindanao ကျွန်းရှိ အခြားနေရာများတွင် ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကို ခံစားသိရှိခဲ့ကြောင်းသိရသည်။ လက်ရှိတွင် ယင်းငလျင်နှင့်စပ်လျဉ်း၍ သေဆုံးဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးမှုစာရင်းကို မသိရှိရသေးကြောင်း သိရသည်။ 

 အဆိုပါ ငလျင်သည် အောက်တိုဘာ ၃၁ ရက် ဒေသစံတော်ချိန် ၉ နာရီ ၁၁ မိနစ်ခန့်က Mindanaoကျွန်း Cotabato ပြည်နယ်တွင် မြေအောက်အနက် ၆ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ရာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်နိုင်ပြီး နောက်ဆက်တွဲငလျင်ထပ်မံလှုပ်ခတ်နိုင်ကြောင်း ဖိလစ်ပိုင်နိုင်ငံ မီးတောင်ငလျင်ဆိုင်ရာသုတေသနဌာန၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။

ယခုလှုပ်ခတ်သည့်ငလျင်မှာ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် သုံးရက်အတွင်း ပြင်းအား အဆင့် ၆ ကျော်ရှိသည့် တတိယမြောက်ငလျင်ဖြစ်ပြီး လှုပ်ခတ်ခဲ့သည့်ငလျင်များကြောင့်လက်ရှိတွင် သေဆုံးသူ ၈ ဦး၊ပျောက်ဆုံးသူ ၂ ဦး ၊ ဒဏ်ရာရသူ  ၄၀၀ နီးပါခန့်ရှိပြီဖြစ်ကြောင်းသိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117