Connect with us

Asia

ဂျပန်နိုင်ငံ၏ ကမာ္ဘ့ယဉ်ကျေးမှုအမွေအနှစ် ရဲတိုက်ကြီး မီးလောင်မှုဖြစ်ပွား

ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စုရှိ Shuri ရဲတိုက်မီးလောင်မီး ဖြစ်ပွားနေစဉ်(ဓာတ်ပုံ-အင်တာနက်)

တိုကျို ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းပေါ်ရှိ သမိုင်းဝင် ကမာ္ဘ့ယဉ်ကျေးမှုအမွေအနှစ် အဆောက်အဉီတစ်ခုဖြစ်သော ဆူရီရဲတိုက်(Shuri) ၏ ပင်မအဆောင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ၊ အနီးအနားရှိ အခြားအဆောက်အဉီများကိုလည်း မီးကူးစက်မှုဖြစ်ပေါ်ခဲ့ကြောင်း နှင့် တာဝန်ရှိသူများက မီးငြှိမ်းသတ်မှုလုပ်ဆောင်ပေးခဲ့ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ယနေ့ အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

မီးလောင်မှုသည် ဒေသစံတော်ချိန် နံနက် ၂ နာရီ ၄ဝမိနစ်တွင် အိုကီနာဝါစီရင်စု နာဟာမြို့(Naha) ဆူရီရဲတိုက်၌ ဖြစ်ပွားခဲ့ကြောင်း ၊ မီးသတ်ကားဆယ်စီးကျော် စေလွှတ်၍ မီးငြိှမ်းသတ်ပေးခဲ့ရကြောင်း ရဲတပ်ဖွဲ့ နှင့် ဒေသဆိုင်ရာ မီးသတ်တပ်ဖွဲ့ကဆိုသည်။

ရဲတပ်ဖွဲ့က မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေကြောင်း နှင့် လက်ရှိအချိန်ထိ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရမှု အခြေအနေ သတင်းပေးပို့ချက် မရှိသေးကြောင်း သိရသည်။

ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စုရှိ Shuri ရဲတိုက်မီးလောင်မီး ဖြစ်ပွားနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စုရှိ Shuri ရဲတိုက်မီးလောင်မီး ဖြစ်ပွားနေစဉ်(ဓာတ်ပုံ-အင်တာနက်)

အဆိုပါရဲတိုက်သည် ၂၀၀၀ ပြည့်နှစ်တွင်  ဂျပန်နိုင်ငံ၏ ၁၁ ခုမြောက် ကမာ္ဘ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် အဆောက်အဉီတစ်ခုဖြစ်ခဲ့ပြီး ဂျပန်နိုင်ငံတောင်ဘက်အစွန်း အိုကီနာဝါကျွန်း၏ အဓိက ခရီးသွားနေရာတစ်ခုဖြစ်ကြောင်း သိရသည်။

၎င်းအဆောက်အဉီသည် ၁၅ ရာစု မှ ၁၉ ရာစုအထိ Ryukyu ကျွန်းစုများတွင် အုပ်စိုးခဲ့သည့် Ryukyu ဘုရင့်နိုင်ငံ၏ အမှတ်လက္ခဏာတစ်ခုဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ကျော်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၁၉၃၃ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ အမျိုးသားအမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါအဆောက်အဉီ၏ မူလရဲတိုက်ကို ယူနက်စကို(UNESCO) ကမာ္ဘ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်း ခံထားရသည်။

သို့သော် ဒုတိယကမာ္ဘစစ်အတွင်း မီးလောင်မှုဖြစ်ပေါ်ခဲ့ပြီးနောက်တွင် အဆိုပါရဲတိုက်ကို  ပြန်လည်ပြင်ဆင်မွမ်းမံမှုပြုလုပ်ခဲ့ကြောင်း နှင့် ၎င်းရဲတိုက်၏ ပင်မအဆောင်ကို ၁၉၉၂ ခုနှစ်တွင် ပြန်လည်ပြုပြင်ထိန်းသိမ်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)