ဟနွိုင်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း နှင့် အလယ်ပိုင်းဒေသများတွင် လွန်ခဲ့သော ရက်များက ဖြစ်ပွားခဲ့သော ရေကြီးမှု နှင့် မြေပြိုမှုများကြောင့် လူ ၉ ဦးသေဆုံးပြီး အခြား ၇ ဦးပျောက်ဆုံးနေကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။
မနီလာ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ Occidental Mindoro ပြည်နယ် တွင် သြဂုတ် ၃၁ ရက်က အင်အား ၅.၂ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ မီးတောင် နှင့် ငလျင်ဌာန (Phivolcs) ကပြောကြားခဲ့သည်။
ဘန်ကောက်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ တောင်ပိုင်း Songkla မြို့ ၌် သြဂုတ် ၂၉ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ဆေးခြောက် ၄၀၀ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာသည် နိုင်ငံရေးကန့်သတ်မှုအချို့ကို ဖြေလျှော့ရန် ကြားဖြတ် အခြေခံဥပဒေ၏ ပုဒ်မ ၄၄ အရ ၎င်း၏ ဆုံးဖြတ်ခွင့်အာဏာကို အသုံးပြုမည်ဖြစ်ကြောင်း သြဂုတ်လ ၂၈ ရက်က ပြောကြားခဲ့သည်။
ဘန်ကောက်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံရှိ အများပြည်သူဆိုင်ရာ ကမ်းခြေများအားလုံးတွင် အမှိုက်စွန့်ပစ်မှု လျှော့ချသည်သာမက ခရီးသွားဧည့်သည်များ၏ ကျန်းမာရေးကို ကာကွယ်သည့်အနေဖြင့် ဆေးလိပ်သောက်ခြင်းကိုလည်း တားမြစ်လိုက်ကြောင်း အစိုးရ အဆင့်မြင့်အရာရှိတစ်ဦးက သြဂုတ်လ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
မနီလာ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Sultan Kudarat ပြည်နယ် တွင် သြဂုတ် ၂၈ ရက် ညပိုင်းက အိမ်လုပ်ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ တစ်ဦး သေဆုံးပြီး အခြားလူ ၃၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ဆိုးလ်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးအား အစီအစဉ်အတိုင်း အပြောင်းလဲမရှိ၊ နှစ်နိုင်ငံ သဘောတူထားသည့်အတိုင်း နောက်လတွင် ကျင်းပမည် ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ သမ္မတအိမ်ပြာတော်က သြဂုတ်လ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
ဂျကာတာ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းတွင် သြဂုတ်လ ၂၈ ရက်၌ ပြင်းအား ၆.၂ ရှိသော အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း မိုးလေဝသနှင့် ဘူမိရူပဗေဒဆိုင်ရာလုပ်ငန်းက ပြောကြားလိုက်သည်။
ဘန်ဒါစရီဘီဂါဝမ်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ဘရူနိုင်းနိုင်ငံ ၏ အကြီးဆုံးသော ပင်လယ်ဖြတ်ကျော် တံတားစီမံကိန်း ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုတွင် သြဂုတ် ၂၇ ရက်က မတော်တဆမှုဖြစ်ပွားခဲ့ရာ နိုင်ငံခြားသားအလုပ်သမား ၃ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီးအဆိုပြုချက်သည် အထူးကောင်းမွန်ကြောင်းနှင့် ထိုင်းနိုင်ငံ အနေဖြင့် အပြည့်အဝထောက်ခံကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Somkid Jatusripitakက ပြီးခဲ့သောရက်များတွင် ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုဖိုရမ်တွင် ပြောကြားခဲ့ကြောင်းသိရသည်။