Connect with us

Asia

ကမ္ဘ့ာ စတုတ္ထအကြိမ်မြောက် တရုတ်ရိုးရာ ကျားထိုး(Go Open) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

တရုတ်နိုင်ငံ၌ တရုတ်ရိုးရာ ကျားထိုး(Go Open) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အားတွေ့ရစဉ် (အင်တာနက်)

 ပေကျင်း ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မြို့တော်  ပေကျင်းတွင် အောက်တိုဘာ ၉ ရက် က ကမ္ဘ့ာ စတုတ္ထအကြိမ်မြောက် တရုတ်ရိုးရာ ကျားထိုး(Go Open) ပြိုင်ပွဲ Dream Lily Cup ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး ၊ ၎င်း ပြိုင်ပွဲ၌ ကစားသမား ၆၄ ဦး က မဲနှိုက်၍ အုပ်စုခွဲခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲတွင် အားကစားသမား ၆၄ ဦး ပါဝင်ခဲ့ပြီး ၊ အုပ်စု ၁၆ ခုခွဲရာ အုပ်စု တစ်စုတွင် ကစားသမား ၄ ဦး ပါဝင်ကာအုပ်စုတစ်စုမှ တစ်ဦးသာလျှင်နောက်တစ်ဆင့်တို့တက်ရောက်နိုင်မည်ဖြစ်ကြောင်းသိရသည်။ တရုတ် ကစားသမားများ ဖြစ်ကြသော Ke Jie ၊ Shi Yue ၊ Shu Guang Ya နှင့် Chen Yu Sen တို့သည် အုပ်စုတစ် ခုတည်းတွင်ရှိပြီး ၊ တရုတ်ချန်ပီယံ Li Yin Cheng နှင့် Li Xiang တို့သည်ယခင်ချန်ပီယံဖြစ်သော ကိုရီးယား နိုင်ငံသား Park Junghwan နှင့်အတူအမေရိကန်ပြည်ထောင်စုမှလာရောက်ယှဉ်ပြိုင်သော Ming Jiu Jiang နှင့် အုပ်စုတစ်ခုတွင်ကျရောက်ခဲ့ကြောင်းသိရသည်။ ၎င်းပြိုင်ပွဲကို ၆၄ ဦး အဆင့် ၊ ၃၂ ဦး အဆင့် နှင့် ၁၆ ဦး အဆင့် ပြိုင်ပွဲများကို အောက်တိုဘာ ၁၀ ရက် မှ ၁၃ ရက် အထိ တရုတ်စစ်တုရင်အကယ်ဒမီတွင် ကျင်း ပမည်ဖြစ် ကြောင်းသိရသည်။

တရုတ်ရိုးရာ ကျားထိုး(Go Open) အဖွဲ့၏ ဥက္ကဋ္ဌ Lin Jian Chao က Dream Lily Cup ပြိုင်ပွဲကို သုံးကြိမ် ပြု လုပ်ကျင်းပခဲ့ပြီး စစ်တုရင်လောကတွင်ကြီးမားသောအကျိုးသက်ရောက်မှုရရှိကြောင်း၊ တရုတ်ရိုးရာ ကျားထိုး (Go Open)  ဂိမ်းသည် ကမ္ဘ့ာအဆင့်မီ ဂိမ်းတစ်ခုဖြစ်ကြောင်းပြောဆိုခဲ့သည်။

အဆိုပါပြိုင်ပွဲကို China Chess Association ကကျင်းပခဲ့ပြီး Deram Lily Home Technology Co.,Ltd မှ အိမ် ရှင်အဖြစ်လက်ခံကျင်းပပေးခဲ့သည်။ ၎င်း ပြိုင်ပွဲတွင် ပထမဆု တရုတ်ယွမ်ငွေ ၁၈ သိန်း ၊ ဒုတိယဆု တရုတ်ငွေ ၆ သိန်း ရရှိမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.