တိုကျို၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံအရှေ့ဘက် Gunma စီရင်စု တွင် ဇွန် ၃၀ ရက်က လေထီးစီးရင်း မတော်တဆမှုဖြစ်ပွားခဲ့၍ လူ ၂ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်းသတင်း ကဖော်ပြခဲ့သည်။
ကဘူးလ်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန က လွန်ခဲ့သည့် ၂၄နာရီအတွင်း နိုင်ငံအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စုစုပေါင်း စစ်သွေးကြွ ၂၅ ဦးသေဆုံးခဲ့ပြီး အခြားလူ ၂၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဇွန် ၃၀ ရက်တွင် ထုတ်ပြန်သော ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။
ဘန်ကောက်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ လိုဏ်ဂူဆိုင်ရာ ကယ်ဆယ်ရေးကျွမ်းကျင်သူအဖွဲ့ တစ်ဖွဲ့သည် ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီး ထိုင်းနိုင်ငံ တောင်ပိုင်း ချင်းရိုင်ခရိုင်အတွင်း ရေလွှမ်းမိုးမကြောင့် ခြောက်ရက်ကြာ ပိတ်မိနေသည့် ထိုင်းလူငယ် ၁၂ ဦးနှင့် ဘောလုံးနည်းပြ ၁ ဦးတို့ရှိရာ လိုဏ်ဂူသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ဂျာကာတာ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အာဏာပိုင်များက Agung မီးတောင်မှ ပြာများ မှုတ်ထုတ်နေ၍ ဘာလီအပန်းဖြေကျွန်းပေါ်ရှိ လေဆိပ်အား ဇွန် ၂၉ ရက်တွင် ပိတ်ခဲ့ပြီး ခရီးသည် အယောက် ၇၄,၀၀၀ ကျော် ခရီးစဉ်များ နှောင့်နှေးခဲ့ရကြောင်း ပြောကြားခဲ့သည်။
ဘန်ကောက်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ပြည်နယ်တွင် ဂူအတွင်း ပျောက်ဆုံးနေသော လူငယ်ဘောလုံးသမားများအား မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ ကယ်ဆယ်ရေးအဖွဲ့များက ငါးရက်မြောက်နေ့အထိတိုင်အောင် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေသော်လည်း ပျောက်ဆုံးလူငယ်များ၏ တည်နေရာအား မသိရှိရသေးကြောင်း သိရသည်။
ကဘူးလ်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Faryab ပြည်နယ် တွင် နယ်မြေရှင်းလင်းမှုတစ်ခု နှင့် လေကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပြီးနောက် တာလီဘန် စစ်သွေးကြွ ၂၆ဦး ကို သုတ်သင်နိုင်ခဲ့ပြီး စစ်သွေးကြွ ၂၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန က ဇွန် ၂၇...
နယူးဒေလီ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ်တွင် ဇွန် ၂၇ ရက် က အိန္ဒိယလေတပ်ပိုင် တိုက်ဂျက်လေယာဉ် တစ်စင်း ပျက်ကျခဲ့ကြောင်း ကာကွယ်ရေးသတင်းရင်းမြစ်များကပြောကြားခဲ့သည်။
မနီလာ ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) (၁၂)ကြိမ်မြောက် တရုတ်-အာဆီယံ လူမှုဖွံ့ဖြိုးရေးနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖိုရမ်ကို ဇွန် ၂၇ ရက် က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားကို တရုတ်နိုင်ငံနှင့် အာဆီယံ နိုင်ငံ များမှ အစိုးရအရာရှိများ၊ ကျွမ်းကျင်ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့်...
တိုကျို၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ အဓိက ကျွန်းတစ်ကျွန်းဖြစ်သော Kyushu ကျွန်းပေါ်ရှိ Shinmoe မီးတောင်သည် ဇွန်လ ၂၇ ရက်တွင် ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မိုးလေဝသဌာနက ပြောကြားခဲ့သည်။
မွမ်ဘိုင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) အာရှ အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) အုပ်ချုပ်ရေးအဖွဲ့က လက်ဘနွန်နိုင်ငံမှ အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုအား ခွင့်ပြုလိုက်ကြောင်း၊ AIIB ၏ အဖွဲ့ဝင် ၈၇ နိုင်ငံရှိလာပြီဖြစ်ကြောင်း ၎င်း၏ ဝက်ဘ်ဆိုက်၌ ဇွန်လ ၂၆ ရက်က ဖော်ပြခဲ့သည်။