ပြုံယမ်း ၊ ဖေဖော်ဝါရီ ၂၆ (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတသမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားနိုင်ငံအား ရေကြောင်းပိတ်ဆို့မှု နှင့် အခြားအရေးယူမှုအသစ်များ ချမှတ်သွားမည့်အကြောင်း ဖေဖော်ဝါရီ ၂၃ ရက်တွင် ခြိမ်းခြောက်ပြောဆိုခဲ့ခြင်း အပေါ် အမေရိကန်နိုင်ငံအား “ ကိုယ်ပိုင်နည်းလမ်းဖြင့် တန်ပြန်တုံ့ပြန်မှု” ပြုလုပ်သွားမည်ဟု မြောက်ကိုရီးယားနိုင်ငံက ဖေဖော်ဝါရီ ၂၅ ရက်တွင် သတိပေးပြောကြားလိုက်သည်။
မနီလာ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နို်င်ငံ တောင်ပိုင်း စူလူပြည်နယ် ဂျိုလိုကျွန်းရှိ ရဲအချုပ်တစ်ခုမှ အကျဉ်းသား ၁၂ ဦး ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဆိုးလ် ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ခုသည် ၂၃ ကြိမ်မြောက် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားသို့တက်ရောက်ရန် တောင်ကိုရီးယားနိုင်ငံသို့ယနေ့ဖေဖော်ဝါရီ ၂၅ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ပြုံယမ်း ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) မြောက်ကိုရီးယား နိုင်ငံ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ကော်မတီ ပြောရေးဆိုခွင့်ရှိသူ က ဖေဖော်ဝါရီ ၂၂ ရက်နေ့၌ အမေရိကန် နိုင်ငံ နှင့် ဂျပန် နိုင်ငံ တို့၏ လတ်တလောကာလ တွင် မြောက်ကိုရီးယား နိုင်ငံ...
ဂျကာတာ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းရှိ Sinabung မီးတောင်ဝန်းကျင်၌ သတိပေးချက် အမြင့်ဆုံး ထုတ်ပြန်ထားပြီး Aceh ပြည်နယ်ရှိ လေဆိပ်ကိုလည်း ပိတ်ထားကြောင်း ပို့ဆောင်ရေးဝန်ကြီးဋ္ဌာနက ဖေဖော်ဝါရီလ ၂၀ ရက်တွင် ပြောကြားလိုက်သည်။
ဆိုးလ်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံသည် ၂၃ကြိမ်မြောက် တောင်ကိုရီးယား ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲသို့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံသို့ အကြောင်းကြား အသိပေးခဲ့သည်ကို တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဋ္ဌာနက ဖေဖော်ဝါရီ ၂၂ ရက်တွင်ဖော်ပြခဲ့သည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း Madhya Pradesh ပြည်နယ် ရှိ နေအိမ်တစ်လုံး နှင့် လက်ဖက်ရည်ဆိုင် တစ်ဆိုင်အား ကုန်တင်ကားတစ်စီးမှ အရှိန်လွန်၍ ဝင်တိုက်မှုကြောင့် အနည်းဆုံး လူ ၁၀ဦးသေဆုံးပြီး အခြားလူ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ် ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံတရားရုံးချုပ်က ဖေဖော်ဝါရီ ၂၁ ရက်တွင် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နာဝတ်ဇ်ရှာရစ်အား အာဏာရပါကစ္စတန်မွတ်စလင်လိဂ်-Nawaz (PML-N) ပါတီ၏ ခေါင်းဆောင်အဖြစ်မှ အရည်အချင်းမပြည့်မီ၍ ဖယ်ရှားလိုက်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်ဟု ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။
ကိုလံဘို၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ Central Highlands ၌ ဖေဖော်ဝါရီ ၂၁ရက်တွင် ခရီးသည်တင် ဘတ်စ်ကားမီးလောင်မှုကြောင့် အနည်းဆုံး လူ ၁၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောကြားခဲ့သည်။
ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) နီပေါနိုင်ငံတောင်ပိုင်း Rautahat ခရိုင် တွင် အိန္ဒိယနိုင်ငံသား ၃ဦးအား နိုင်ငံအတွင်းသို့ လက်နက်မှောင်ခိုတင်သွင်းမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၂၀ ရက်တွင်ပြောကြားခဲ့သည်။