Connect with us

Asia

မလေးရှားနိုင်ငံ လေဆိပ်တွင် မြောက်ကိုရီးယား အမျိုးသား သေဆုံးမှုအတွက် ဗီယက်နမ်အမျိုးသမီးအား ထောင်ဒဏ် ၃ နှစ် ၄ လ ချမှတ်

မြောက်ကိုရီးယား၏ မျက်နှာအား အဆိပ်ငွေ့ဖြင့်အုပ်ကာ သတ်ခဲ့သည့် ဗီယက်နမ်အမျိုးသမီးအား လုံခြုံရေးအစောင့်များဖြင့် ခေါ်ဆောင်လာစဉ် (ဓာတ်ပုံ-အင်တာနက်)

ရှာအာလမ်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ်က မလေးရှားနိုင်ငံ လေဆိပ်၌ မြောက်ကိုရီးယားနိုင်ငံမှ အမျိုးသားတစ်ဦး သေဆုံးခဲ့မှုအတွက် ဗီယက်နမ် အမျိုးသမီး Doan Thi Huong အပေါ် ရှေ့နေများ၏ ပြစ်ဒဏ်လျှော့ပေါ့ပေးရေး အသနားခံချက် တင်သွင်းပြီးနောက် တရားရုံးက ဧပြီလ ၁ ရက်၌ ပြစ်ဒဏ် ၃ နှစ် ၄ လ ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

Huong ၏ ထောင်ဒဏ်ကျခံရမည့်ရက်အား ၎င်းကို ဖမ်းဆီးခဲ့သည့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်မှ စတင်ရေတွက်မည် ဖြစ်သည်။ Huong မှာ ထောင်ထဲတွင် ၂ နှစ်နေခဲ့ပြီးဖြစ်ပြီး လျှော့ရက် သုံးပုံတစ်ပုံ ကျန်ရှိသေးသည့်အတွက် မေလ ပထမအပတ်၌ ထောင်မှလွတ်နိုင်မည်ဟု တရားခံရှေ့နေအဖွဲ့မှ မျှော်မှန်းထားကြောင်း Huong ၏ ရှေ့နေ Hisyam Teh Poh Teik က သတင်းထောက်များအား ပြောကြားခဲ့သည်။

မတ်လတွင် Huong နှင့်အတူ ထိုလူသတ်မှုဖြင့်ပင် တရားစွဲခံထားရသည့် အင်ဒိုနီးရှား အမျိုးသမီး Siti Aisyah အား မလေးရှားနိုင်ငံ ရှေ့နေများက လွှတ်ပေးခဲ့သည်။ Siti Aisyah သည် မတ်လ ၁၁ ရက်က လွတ်မြောက်သွားခဲ့သော်လည်း Huong ၏ လျှောက်လဲချက်မှာ ရှေ့နေချုပ်မှာ ပယ်ချခြင်းခံခဲ့ရသည်။

အဆိုပါ အမျိုးသမီးနှစ်ဦးလုံးမှာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက ကွာလာလမ်ပူလေဆိပ်တွင် မြောက်ကိုရီးယား အမျိုးသားတစ်ဦး၏ မျက်နှာအား VX အာရုံကြောဆိုင်ရာအဆိပ်ငွေ့ဖြင့် အုပ်ကာ လူသတ်မှုကျူးလွန်ခဲ့ကြောင်း စွပ်စွဲခြင်းခံခဲ့ကြရသည်။ ၎င်းတို့နှစ်ဦးလုံးက စွပ်စွဲချက်များအား ငြင်းဆန်ခဲ့ကြကြောင်း သိရသည်။ (Xinhua)