Connect with us

Asia

နီပေါတွင် ကြံ့တစ်ကောင်၏ တိုက်ခိုက်မှုကြောင့် သြစတြေးလျနိုင်ငံသားတစ်ဦး နှင့် နီပေါဧည့်လမ်းညွှန်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

နီပေါနိုင်ငံမှ ကြံတစ်ကောင်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ခတ္တမန္ဒူ၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ ချစ်ဝမ်အမျိုးသားဥယျာဉ်တွင် ဧပြီ ၈ ရက် က ကြံ့တစ်ကောင်၏ တိုက်ခိုက်မှုကြောင့် သြစတြေးလျနိုင်ငံသားတစ်ဦး နှင့် နီပေါဧည့်လမ်းညွှန်တစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ရဲအရာရှိ Devendra Chand က ဒဏ်ရာရရှိခဲ့သူ သြစတြေးလျနိုင်ငံသား သည် အသက် ၁၈နှစ်အရွယ်ရှိ Willian Peter ဖြစ်ပြီး ၎င်း၏ဒေသခံဧည့်လမ်းညွှန်မှာ အသက် ၅၀ နှစ်အရွယ်ရှိ Jitu Mahato ဖြစ်ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

၎င်းတို့ ၂ဦးသည် တောတွင်းစွန့်စားမှုများ အဓိကပြုလုပ်ရန်အတွက် နိုင်ငံမြို့တော် ခတ္တမန္ဒူမြို့ တောင်ဘက် ၁၆၀ ကီလိုမီတာ အကွာရှိ ချစ်ဝမ်အမျိုးသားဥယျာဉ်သို့ လာရောက်လည်ပတ်စဉ် ယင်းသို့ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ဒေသခံအာဏာပိုင်များသည် ၎င်းတို့၂ဦးအား အလျင်အမြန် ကယ်ဆယ်ခဲ့ပြီး ဆေးကုသမှုခံယူရန် မြို့တော်သို့ လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကာ သြစတြေးလျနိုင်ငံသား၏ အခြေအနေမှာ စိုးရိမ်ရကြောင်း ရဲအရာရှိကပြောကြားခဲ့သည်။

ချစ်ဝမ်ခရိုင်သည် နီပေါနိုင်ငံ၏ ကျော်ကြားသော ခရီးသွားဧည့်သည့်ဆွဲဆောင်ရာနေရာတစ်ခုဖြစ်ပြီး နိုင်ငံတောင်ပိုင်းတွင် တည်ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117