Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းတွင် ပြင်းအား ၆.၁ ပမာဏရှိသော ငလျင်လှုပ်၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိ

ငလျင်လှုပ်ခတ်မှု ကြိမ်နှုန်းပြပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Nusa Tenggara ပြည်နယ်တွင် အင်အား ၆.၁ ပမာဏရှိသော ငလျင်တစ်ခု လှုပ်ရှားသွားကြောင်းနှင့် ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်းမရှိကြောင်း မိုးလေဝသနှင့် ဘူမိဗေဒလုပ်ငန်းက ပြောကြားခဲ့သည်။

အဆိုပါ ငလျင်မှာ ဧပြီလ ၇ ရက် ဒေသစံတော်ချိန် နံနက် ၄း၅၄ နာရီက Nusa Tenggara ပြည်နယ် Alor ကျွန်း အရှေ့မြောက်ဘက် ၁၄၈ ကီလိုမီတာ၊ ပင်လယ်ကြမ်းပြင်အောက် ၅၇၃ ကီလိုမီတာ၌ ဗဟိုပြုကာလှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း မိုးလေဝသနှင့် ဘူမိဗေဒလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။

“ဒီငလျင်ကြောင့် ဆူနာမီဖြစ်မယ့် အလားအလာမရှိပါဘူး။ ဒါကြောင့် ဆူနာမီသတိပေးချက် မထုတ်ပြန်တာပါ” ဟု တာဝန်ရှိသူတစ်ဦးက တယ်လီဖုန်းမှတစ်ဆင့် ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ်ငလျင်စက်ကွင်း ခေါ် ငလျင်လှုပ်ခတ်နိုင်ခြေရှိသည့် ဇုန်ပေါ်တွင် တည်ရှိသဖြင့် မကြာခဏ ငလျင်လှုပ်ခတ်လေ့ရှိကြောင်း သိရသည်။ (Xinhua)