ကိုလံဘို၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ Central Highlands ၌ ဖေဖော်ဝါရီ ၂၁ရက်တွင် ခရီးသည်တင် ဘတ်စ်ကားမီးလောင်မှုကြောင့် အနည်းဆုံး လူ ၁၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောကြားခဲ့သည်။
ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) နီပေါနိုင်ငံတောင်ပိုင်း Rautahat ခရိုင် တွင် အိန္ဒိယနိုင်ငံသား ၃ဦးအား နိုင်ငံအတွင်းသို့ လက်နက်မှောင်ခိုတင်သွင်းမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၂၀ ရက်တွင်ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Punjab ပြည်နယ် တွင် ဖေဖော်ဝါရီ ၂၀ရက် က ဓါတ်ငွေ့ယိုစိမ့်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ဦးသေဆုံးပြီး လူ ၁၁ဦးကို ဆေးရုံတင်ခဲ့ရကြောင်း သိရသည်။
တိုကျို၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ မြောက်ပိုင်း ရှိ အမေရိကန် မီဆာဝါလေတပ်အခြေစိုက်စခန်းမှ ပိုင်ဆိုင်သော F -16 တိုက်လေယာဉ်တစ်စီး သည် ဖေဖော်ဝါရီ ၂၀ရက် နံနက်ပိုင်းတွင် စခန်းမှ ထွက်ခွာလာပြီးမကြာခင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာန ကပြောကြားခဲ့သည်။
တိုကျို ၊ ဖေဖော်ဝါရီ ၂ဝ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ အရှေ့ပိုင်း ဒေသရှိ မြို့တော်ဝန်တစ်ဦးသည် သတင်းထောက်တစ်ဦးအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုမှု ပြုလုပ်ခဲ့သည်အတွက် ဝေဖန်ပြစ်တင်ခံရပြီးနောက် ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖေဖော်ဝါရီ ၁၉ ရက်တွင် ဖော်ပြခဲ့သည်။
နယူးဒေလီ ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယ နိုင်ငံ အရှေ့မြောက်ပိုင်း Meghalaya ပြည်နယ် တွင် ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညပိုင်း အချိန်၌ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ Meghalaya ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး အပါအဝင် လူပေါင်း...
မနီလာ ၊ ဖေဖော်ဝါရီ ၂ဝ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ပါလာဝမ်ကျွန်း(Palawan)ပေါ်ရှိ Balabac မြို့၌ ဝမ်းရောဂါ ဖြစ်ပွားလျက်ရှိရာ ၁၁ လသားအရွယ် နို့စို့ကလေးငယ် တစ်ဦးအပါအဝင် လူပေါင်း ၁ဝ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ဖေဖော်ဝါရီ ၂ဝ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
နယူးဒေလီ ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယ နိုင်ငံ သတင်းမီဒီယာ များ၏ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ဖော်ပြချက်အရ နိုင်ငံ အနောက်မြောက်ပိုင်း Rajasthan ပြည်နယ် Ajmer ဒေသတွင် ကျင်းပပြုလုပ်ခဲ့သည့် မင်္ဂလာ ပွဲ တစ်ခု တွင် ဂတ်စ်အိုး...
ကွာလာလမ်ပူ ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံ မြောက်ပိုင်း လန်ကာဝီကျွန်းပေါ်၌ ပြေးဆွဲနေသော ကောင်းကင်ကေဘယ်လ်ကားများ စက်ပိုင်းဆိုင်ရာချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အနည်းဆုံး လူပေါင်း ၈ဝ ကျော်သည် ကားထဲ၌ ၄ နာရီနီးပါး ပိတ်မိနေခဲ့ကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ကပ္ပလီကျွန်းစု၌ ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် အလယ်အလတ်အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။