Connect with us

Asia

ဖိလစ်ပိုင်မြောက်ပိုင်းတွင် အင်အား ၅.၅ ပမာဏ ရှိ ငလျင်တစ်ခု လှုပ်ခတ်

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း Luzon ကျွန်း ရှိ Ilocos Norte ပြည်နယ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မနီလာ၊ မတ် ၃ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း Luzon ကျွန်း ရှိ Ilocos Norte ပြည်နယ် တွင် မတ် ၃ ရက် အရုဏ်တက်ချိန်တွင် အင်အား ၅.၅ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ မီးတောင် နှင့် မြေငလျင်ဌာန (Phivolcs) ကပြောကြားခဲ့သည်။

ဌာနက ငလျင်သည် ဒေသစံတော်ချိန် နံနက် ၃း၄၆နာရီတွင် Ilocos Norte ပြည်နယ် Burgos မြို့ အနောက်မြောက်ဘက် ၄၄ကီလိုမီတာ အကွာခန့် ၌ မြေပြင်အောက် အနက် ၇ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်းပြောကြားခဲ့သည်။

အဆိုပါ ငလျင်လှုပ်ခတ်ပြီး ၃မိနစ်အကြာတွင် Burgos မြို့၌ အင်အား ၄.၃ပမာဏရှိ နောက်ထပ် ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း၊ ယင်းငလျင်သည် ဒေသစံတော်ချိန် နံနက် ၃း၄၉နာရီ တွင် Burgos မြို့ အနောက်မြောက်ဘက် ၅၄ကီလိုမီတာ အကွာရှိ မြေပြင်အောက် အနက် ၂၆ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Phivolcs ဌာနကပြောကြားခဲ့သည်။

ဌာနက ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ မဖြစ်ပွားနိုင်သော်လည်း နောက်ဆက်တွဲငလျင်များ ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.