Connect with us

Asia

အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း၌ ရေကြီးမှုဖြစ်ပွား ၊ အနည်းဆုံး လူ ၂ဝ ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ၌ ရေကြီးရေလျှံမှုဖြစ်ပွားနေစဉ် (ဓာတ်ပုံ-အင်တာနက်)

ကဘူးလ် ၊ မတ် ၃ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာပြည်နယ်၌ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၂ဝဦးသေဆုံးပြီး အခြားလူပေါင်းများစွာ ပျောက်ဆုံးလျက်ရှိကြောင်း တာဝန်ရှိသူများက ယနေ့(မတ် ၃ ရက်)တွင်ပြောကြားခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာမှ ကလေးငယ်တစ်ဦးအပါအဝင် အနည်းဆုံး လူ ၂ဝ ဦးသေဆုံးခဲ့ကြောင်း ၊ မတ်လ ၁ ရက် နံနက်အစောပိုင်းကတည်းက မိုးသည်းထန်စွာရွာသွန်းနေခဲ့ရာ လူနေအဆောက်အအုံများနှင့် မော်တော်ကားများရေမြုပ်ခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာမှုအကူအညီပေးရေး(OCHA) အဖွဲ့ရုံး၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

လူနေအိမ်များ နှင့် အခြေခံအဆောက်အအုံများ ပျက်စီးမှု (သို့မဟုတ်) အဖျက်ဆီးခံရမှု ဖြစ်ပေါ်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားပြီး “ ပြည်နယ်သဘာဝဘေးဒဏ်စီမံခန့်ခွဲရေးကော်မတီက ကနဦးအစည်းဝေးတစ်ခုလုပ်ဆောင်နေကြောင်း နှင့် ပြုပြင်တည်ဆောက်ရေး အဖွဲ့တစ်ခုကိုလည်း စေလွှတ်ထားကြောင်း ၊ ကလေးငယ်အပါအဝင် အနည်းဆုံး လူ ၁ဝ ဦးထက်မနည်းပျောက်ဆုံးနေဆဲဖြစ်ကြောင်း” ၎င်းကဆိုသည်။

အာဖဂန်တာဝန်ရှိသူများ နှင့် ကုလသမဂ္ဂအေဂျင်စီ တို့သည် သဘာဝဘေးဒဏ်ခံစားရသူများအတွက် လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် နိုင်ငံ၏ နေရာအနှံ့အပြားတွင် ဆီးနှင်းများထူထပ်စွာကျဆင်းလျက်ရှိကြောင်း နှင့် ရေကြီးမှုများသည် နိုင်ငံအရှေ့ပိုင်းရှိပြည်နယ်အချို့တွင်လည်း ဖြစ်ပေါ်လျက်ရှိနေပြီး လူနေအိမ်များ နှင့် ဈေးဆိုင်ခန်းများ ရာပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.