Connect with us

Asia

ပါကစ္စတန်-အိန္ဒိယ အရေးကိစ္စများအပေါ် သံတမန်နည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာရန် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးပြော

ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Shah Mahmood Qureshi အားတွေ့ ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ မတ် ၃ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Shah Mahmood Qureshi က ပါကစ္စတန် နှင့် အိန္ဒိယ နှစ်နိုင်ငံအကြား အရေးကိစ္စရပ်များကို သံတမန်နည်းလမ်းများ နှင့် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းများဖြစ် အဖြေရှာကြရန် မတ် ၂ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။

Qureshi က ပါကစ္စတန်နိုင်ငံ၏ အရှေ့ပိုင်းမြို့တော် လာဟိုးမြို့(Lahore) ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်သော ပါကစ္စတန်နိုင်ငံသည် အိန္ဒိယနိုင်ငံနှင့်အတူ အရေးကိစ္စရပ်များကို စစ်ရေးအရ ဖြေရှင်းခြင်းထက် တွေ့ဆုံဆွေးနွေးရေး သံတမန်နည်းလမ်းကို ဦးစားပေးဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

“ ငြိမ်းချမ်းရေးက ကျွန်တော်တို့ရဲ့ ဦးစားပေးပါ။ အိန္ဒိယနဲ့စစ်မက်ဖြစ်ပွားဖို့ကျွန်တော်တို့မှာ ဆန္ဒမရှိပါဘူး” ဟု Qureshi ပြောကြားခဲ့ပြီး ပါကစ္စတန်နိုင်ငံအနေဖြင့် တင်းမာမှုလျော့ကျအောင် ငြိမ်းချမ်းစွာအဖြေရှာရန် အသင့်ရှိကြောင်း ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.