Connect with us

Asia

နိုင်ငံဖြတ်ကျော်မှုခင်းများ နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး တွင် ကမ္ဘောဒီးယားနှင့် စင်္ကာပူနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည်

စင်ကာပူနိုင်ငံတွင်ခရီးသွားဧည့်သည်များလည်ပတ်နေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင် ၊ မတ် ၄ ရက် (ဆင်ဟွာ)

အကြမ်းဖက်မှုတိုက်ဖျက်ရေး နှင့် နိုင်ငံဖြတ်ကျော်မှုခင်းများတွင် ကမ္ဘောဒီးယားနှင့် စင်ကာပူနှစ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် မတ်လ ၄ ရက်တွင် သံန္နိဋ္ဌာန်ချခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံမှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။

ကမ္ဘောဒီးယား အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ Neth Savoeun နှင့် ကမ္ဘောဒီးယားနိုင်ငံသို့အလည်အပတ်ရောက်ရှိနေသော စင်ကာပူရဲတပ်ဖွဲ့ကော်မရှင်နာမင်းကြီး Hoong Wee Teckတို့ ၏အစည်းအဝေးတွင် အထက်ပါအတိုင်း ကတိကဝတ်ပြုခဲ့ ခြင်းဖြစ်ကြောင်း အမျိုးသားရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Chhay Kim Khoeun ကပြောသည်။

“ ဆွေးနွေးပွဲအပြီးမှာ ကြမ်းဖက်မှု နဲ့နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးမှာ နှစ်ဖက် အတူတကွလက်တွဲဆောင်ရွက်သွားဖို့သဘောတူညီမှုရရှိခဲ့ပါတယ်။ အဲဒါတွေဟာ အာရှတိုက်ရဲ့ အခြားနိုင်ငံတွေအတွက်သာမက စင်ကာပူနဲ့ကမ္ဘာဒီးယား နှစ်နိုင်ငံအကြား ဦးစားပေး ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေပဲဖြစ်ပါတယ်” ဟု အစည်းအဝေးအပြီးတွင် သတင်းသမားများအားပြောကြားခဲ့သည်။

နှစ်နိုင်ငံရင်းနှီးမြှုပ်နှံသူများ ၊ ခရီးသွားများ နှင့် နိုင်ငံသားများကို အကာအကွယ်ပေးရန် တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်နိုင်သော ပိုမိုကောင်းမွန်သည့် ယန္တရားတစ်ခုကို တည်ဆောက်သွားရန်လည်း နှစ်ဖက်အကြား သဘောတူညီခဲ့ကြသည်။ဆိုက်ဘာပြစ်မှုများ နှိမ်နှင်ရေး နှင့် လောင်းကစားမှုများထိန်းချုပ်ရေးတွင် ကမ္ဘောဒီးယားရဲအရာရှိများ၏ စွမ်းဆောင်ရည်များ မြင့်မာလာစေရန် လေ့ကျင့်မှုများ ကူညီဆောင်ရွက်ပေးသွားရန်လည်း စင်ကာပူနိုင်ငံက ကတိပြုကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.