မနီလာ၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံမှ ခေါင်းချင်းဆက် အမွှာမိန်းကလေး နှစ်ဦးအား ခွဲစိတ်ကုသတော့မည်ဖြစ်ပြီး ခွဲစိတ်မှု ပြုလုပ်နေစဉ် အတွင်း ၎င်းတို့ အနက် တစ်ဦး (သို့) နှစ်ဦးစလုံး အသက်ဆုံးရှုံးနိုင်သည့် အနေအထား တွင်ရှိကြောင်း သတင်းမီဒီယာများက နိုဝင်ဘာ ၂၂ ရက်တွင်ဖော်ပြခဲ့သည်။
ဂျကာတာ ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းစု၌ တည်ရှိသည့် Mount Agung မီးတောင်ကြီးသည် နိုဝင်ဘာလ ၂၁ ရက်တွင် ကောင်းကင်ပေါ်သို့ပြာမှုန့်များကို မှုတ်ထုတ်နေကြောင်း သဘာဝဘေးအန္တရာယ် အေဂျင်စီတစ်ခုမှ တာဝန်ရှိသူများက ဆိုသည်။
နယူးဒေလီ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း Gujarat ပြည်နယ် တွင် နိုဝင်ဘာ ၁၇ ရက်က ခရီးသည်တင် ဘတ်စ်ကားတစ်စီး နှင့် အိမ်စီးမော်တော်ယာဉ်တစ်စီး တိုက်မိရာ အနည်းဆုံး လူ၇ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဆိုလ်း ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေးနှင့်ပတ်သက်၍ တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်း နျူကလီးယားဆိုင်ရာ အထူးကိုယ်စားလှယ် နှင့် အမေရိကန်နိုင်ငံတို့ဆွေးနွေးခဲ့ကြကြောင်း တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့( နိုဝင်ဘာ ၁၇ ) ရက်တွင် သတင်းထုတ်ပြန်သည်။
ဟနွိုင်း ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြား အရန်ငွေကြေးမှာ နိုဝင်ဘာလလည်တွင် အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံထိ စံချိန်တင် အမြင့်ဆုံး ပမာဏ ဖြစ်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံဗဟိုဘဏ်၏ ပြောကြားချက်အရ သိရသည်။
နယူးဒေလီ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ခရီးသည် ၁၃၄ ဦးနှင့် လေယာဉ်ဝန်ထမ်း ၇ ဦးအား တင်ဆောင်လာသော ဒိုဟာခရီးစဉ် လေယာဉ် တစ်စင်းသည် ယနေ့ (နိုဝင်ဘာလ ၁၆ ရက်) အစောပိုင်းက အိန္ဒိယနိုင်ငံ တမီလ်နာဒူပြည်နယ် တောင်ပိုင်းမှ ထွက်ခွာပြီးပြီးချင်း ငှက်တစ်ကောင်နှင့် တိုက်မိခဲ့ကြောင်း...
မနီလာ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် နှစ်နိုင်ငံ ဆက်ဆံရေး အပြုသဘောဆောင်သော အရှိန်အဟုန် ခိုင်မာရေး နှစ်နိုင်ငံ ခေါင်းဆောင်များ ကတိပြုခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ၁၄ ခုအား နိုဝင်ဘာလ ၁၅ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
မနီလာ ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် နိုဝင်ဘာလ ၁၅ ရက်၌ နှစ်နိုင်ငံဆက်ဆံရေးတွင် “ အကောင်းဘက်မှရှုမြင်သည့်လက္ခဏာအရှိန်အဟုန်” တိုးတက်စေရေး ဦးတည်ပြီး နှစ်ဖက်ခေါင်းဆောင်များက ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ပေါင်း ၁၄ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
စင်ကာပူ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) စင်ကာပူနိုင်ငံတွင် အရှေ့-အနောက် ပြေးဆွဲနေသည့် SMRT ရထားလိုင်းမှ ရထားတစ်စင်းသည် ဂျိုကွန်းMRT ရထားဘူတာရုံတွင် ရပ်တန့်ထားသော ရထားတစ်စင်းအား ဒေသစံတော်ချိန် နံနက် ၈နာရီတွင် ဝင်တိုက်မိရာ အနည်းဆုံး လူ ၂၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာကဖော်ပြခဲ့သည်။
ဗီယန်ကျန်း ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု(APEC) ဆွေးနွေးပွဲတက်ရောက်ခြင်း နှင့် ဗီယက်နမ်နိုင်ငံ နှင့် လာအိုနိုင်ငံများသို့တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်လည်ပတ်ခြင်းသည် သမိုင်းခေတ်သစ်တစ်ခုတွင် တရုတ်လူမျိုးများ၏ သွင်ပြင်လက္ခဏာများနှင့်အတူ အဓိက-နိုင်ငံတကာ သံခင်းတမန်ခင်း ဆက်ဆံရေး စာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဝမ်ရိက နိုဝင်ဘာလ ၁၄...