Connect with us

Asia

ဗီယက်နမ်နိုင်ငံက မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးအစည်းအဝေးအား ကြိုဆိုသောအားဖြင့် ငွေအကြွေစေ့ ၃၀၀ ထုတ်ဝေ

ဒုတိယအကြိမ် မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးအစည်းအဝေး အထိမ်းအမှတ် ငွေအကြွေစေ့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) နှင့် အမေရိကန်နိုင်ငံ ဒေါ်နယ်ထရမ့် (Donald Trump) တို့၏ ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ကြိုဆိုသောအားဖြင့် ဗီယက်နမ်နိုင်ငံက ဖေဖော်ဝါရီလ ၂၇ ရက်တွင် ငွေသားအစစ် အကြွေစေ့ ၃၀၀ ထုတ်ဝေလိုက်ကြောင်း သိရသည်။

အကြွေစေ့၏ တစ်ဖက်မျက်နှာစာတွင် ခိုငှက်၊ သံလွင်ခက်နှင့် မြောက်ကိုရီးယား၊ အမေရိကန် နှစ်နိုင်ငံအလံ ရုပ်ပုံများ နှင့် “ကမ္ဘာ့ငြိမ်းချမ်းရေး” ဟူသောစကားလုံးများအား ရိုက်နှိပ်ထားကြောင်း၊ အခြားတစ်ဖက်တွင်မူ ကြာပန်းတစ်ပွင့်ပုံအား ရိုက်နှိပ်ထားကြောင်း သိရသည်။

ယခု ထုတ်ဝေလိုက်သည့် အကြွေစေ့ ၃၀၀ အား တစ်စေ့လျှင် ဗီယက်နမ်ငွေ ဒေါင် ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂၁ ဒေါ်လာကျော်) ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း အဆိုပါ အကြွေစေ့များ ထုတ်လုပ်ရန် တာဝန်ပေးခြင်းခံရသော Vietnam Philately Company က ပြောကြားခဲ့သည်။

ထိုငွေအကြွေစေ့များအပြင် ဖေဖော်ဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် ဟနွိုင်းမြို့၌ ပြုလုပ်မည့် ထိပ်သီးအစည်းအဝေးအား ကြိုဆိုသောအားဖြင့် တံဆိပ်ခေါင်းများကိုလည်း ထုတ်ဝေထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.