Connect with us

Asia

အိန္ဒိယ တိုက်လေယာဉ် ၂စင်းအား ပစ်ချပြီး လေယာဉ်မှူးတစ်ဦးအား ဖမ်းဆီးထားကြောင်း ပါကစ္စတန်စစ်တပ်ပြောကြား

ပါကစ္စတန်လေတပ်က ပစ်ချခဲ့သည့် အိန္ဒိယတိုက်လေယာဉ်တစ်စင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ပါကစ္စတန်လေတပ် တပ်ဖွဲ့ သည် ဖေဖော်ဝါရီ ၂၇ ရက်တွင် ပါကစ္စတန်လေပိုင်နက်အတွင်း ဝင်ရောက်လာသော အိန္ဒိယဂျက်တိုက်လေယာဉ် ၂စင်းအား ပစ်ချခဲ့ပြီး ပျက်စီးသွားခဲ့သည့် ဂျက်လေယာဉ်တစ်စင်းမှ လေယာဉ်မှူးတစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု ပါကစ္စတန် စစ်တပ်၏ ဖေဖော်ဝါရီ ၂၇ ရက် ထုတ်ပြန်ချက်တစ်ခု ၌ပါရှိသည်။

ပါကစ္စတန်စစ်တပ်၏ မီဒီယာတစ်ခုဖြစ်သော ပြည်သူ့ဆက်ဆံရေး (ISPR) မှ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Asif Ghafoor က လေယာဉ် ၂စင်းအနက် တစ်စင်းသည် ပါကစ္စတန်နိုင်ငံက ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသအတွင်း ပျက်ကျခဲ့ပြီး ကျန်တစ်စင်းမှာ အိန္ဒိယက ထိန်းချုပ်ထားသော ကက်ရှ်မီးယားဘက်ခြမ်းသို့ ပျက်ကျခဲ့ကြောင်း ပြောကြားခဲ့သည်။

ISPR က အိန္ဒိယလေယာဉ်မှူးတစ်ဦးအား မြေပြင်မှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.