Connect with us

Asia

ဒုတိယအကြိမ် မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးအစည်းအဝေးအတွက် ထရမ့် ဟနွိုင်းမြို့သို့ ရောက်ရှိ


ဟနွိုင်း၊ ဖေဖော်ယါရီ ၂၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) နှင့် ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေး ပြုလုပ်ရန် ဖေဖော်ဝါရီလ ၂၆ ရက် ညနေပိုင်းက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ နွိုင်းဘိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထရမ့်သည် Air Force One လေယာဉ်ပေါ်မှ ဆင်းပြီးနောက် တည်းခိုရာဟိုတယ်သို့ မသွားမီ လေဆိပ်၌ လာရောက်ကြိုဆိုသူများအား နှုတ်ဆက်ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ကမူ ဖေဖော်ဝါရီလ ၂၆ ရက် နံနက်ပိုင်းက ဟနွိုင်းမြို့သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ နွိုင်းဘိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသော အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား တွေ့ရစဉ် (ဆင်ဟွာ)

ထရမ့်နှင့် ကင်တို့သည် ပထမဆုံး ဖေဖော်ဝါရီလ ၂၇ ရက်ညတွင် အတူတကွ ညစာစားကာ တွေ့ဆုံမည် ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၂၈ ရက်တွင်မူ ကိုယ်စားလှယ်အသီးသီးနှင့်အတူ ဆွေးနွေးပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

၎င်းတို့ တွေ့ဆုံစဉ် နျူကလီးယားကင်းစင်ရေးအတွက် လမ်းပြမြေပုံ၊ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှု လျှော့ချရေးနှင့် စစ်ပွဲအဆုံးသတ်ရေး ကြေညာချက်ထုတ်ပြန်နိုင်မလားဟူသော ကိစ္စရပ်များက နှစ်နိုင်ငံ ထိပ်သီးတွေ့ဆုံမှုတွင် စိတ်ဝင်စားမှုမြင့်တက်နေသည့် အကြောင်းအရာများဖြစ်သည်။

ပထမအကြိမ် မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးအစည်းအဝေးအား ၂၀၁၈ ခုနှစ် ဇွန်လက စင်ကာပူနိုင်ငံတွင် ပြုလုပ်ခဲ့သည်။

ဗီယက်နမ်နိုင်ငံတွင် ရှိနေစဉ် ထရမ့်သည် ဗီယက်နမ်နိုင်ငံ သမ္မတ ငုယင်ဖူထရုန် (Nguyen Phu Trong) နှင့် ဝန်ကြီး ငုယင်ကျန်းဖက် (Nguyen Xuan Phuc) တို့နှင့် ဖေဖော်ဝါရီလ ၂၇ ရက်၌ တွေ့ဆုံမည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.