ဆိုးလ်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံ နှင့် ထိစပ်နေသော အရှေ့ပိုင်းနယ်စပ်တွင် လက်နက်ကြီးများဖြင့် စစ်ရေးလေ့ကျင့်စဉ် မတော်တဆပေါက်ကွဲမှုတစ်ခုကြောင့် တောင်ကိုရီးယား စစ်သားတစ်ဦး သေဆုံးပြီး အခြား ၆ဦး ဒဏ်ရာရရှိခဲ့သည်ဟု အတည်ပြုချက်ရရှိခဲ့ကြောင်း Yonhap သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
မနီလာ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမြို့ တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်မှုကြောင့် သြဂုတ် ၁၈ ရက် သန်းခေါင်ယံမတိုင်မီ လူ ၁၄ဦးထက်မနည်း အသတ်ခံခဲ့ရကြောင်း ပြည်တွင်းမီဒီယာ ကဖော်ပြခဲ့သည်။
ဟိုချီမင်းစီးတီး၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ တရားရုံးတစ်ခုက ပြည်နယ်ဖြတ်ကျော် မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ဖြစ်သူ အသက် ၃၄နှစ်အရွယ် အမျိုးသားတစ်ဦးအား သေဒဏ်ချမှတ်ခဲ့ပြီး ၎င်း၏ လက်အောက်ငယ်သားများ အနက် ၃ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းစီ ချမှတ်ခဲ့ကြောင်း ပြည်တွင်းမီဒီယာ က သြဂုတ် ၁၆ရက်တွင်ဖော်ပြခဲ့သည်။
ပြုံယမ်း ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) မြောက်ကိုရီးယား နိုင်ငံ ၏ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း က သြဂုတ်လ ၁၄ ရက်နေ့၌ Guam ကျွန်း ကို ဝန်းရံ တိုက်ခိုက်မည့် အစီရင်ခံစာ ကို ကြည့်ရှုပြီးနောက်တွင် အမေရိကန် နိုင်ငံ...
ကိယက်ဗ် ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ယူကရိန်း နိုင်ငံ နိုင်ငံတော် လုံခြုံရေး နှင့် ကာကွယ်ရေး ကော်မတီ အတွင်းရေးမှူး Oleksandr Turchynov က သြဂုတ်လ ၁၄ ရက်နေ့၌ ယူကရိန်း နိုင်ငံ လုပ်ငန်းကုမ္ပဏီ တစ်ခု မှ မြောက်ကိုရီးယား...
ခတ္တမန္ဒူ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့သော ရေကြီးမှုများ နှင့် မြေပြိုမှုများကြောင့် သေဆုံးသူဦးရေသည် သြဂုတ် ၁၄ရက် ညနေပိုင်းတွင် လူ၉၁ဦးအထိ မြင့်တက်လာခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ ပြောကြားချက်အရသိရသည်။
တိုကျို၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်ပိုင်း နာရာစီရင်စုရှိ တောင်ထူထပ်သောနယ်မြေတွင် လေယာဉ်ငယ် တစ်စင်း သြဂုတ်လ ၁၃ ရက်က ပျက်ကျခဲ့ကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြထားသည်။
ခတ္တမန္ဒူ ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) နီပေါ နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သြဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းအချိန်ထိ နီပေါ နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ရေကြီးရေလျှံမှု နှင့် မြေပြိုမှု များကြောင့် လူပေါင်း...
နယူဒေလီ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟီမာချယ် ပရာဒတ်ရှ်ပြည်နယ်တွင် ယနေ့ (သြဂုတ်လ ၁၃ ရက်) မြေပြိုမှုကြီး တစ်ခု ဖြစ်ပွားခဲ့ရာ ဘတ်စ်ကား နှစ်စီး မြေဖုံးလွှမ်းခံရပြီး အနည်းဆုံး လူ ၅၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။
ဂျကာတာ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဘန်ကူလုပြည်နယ်တွင် အင်အား ၆.၆ ရစ်ချ်တာစကေးရှိသော ငလျင် တစ်ခု ယနေ့ (သြဂုတ် ၁၃ ရက်) လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဘူမိဗေဒဋ္ဌာန တာဝန်ရှိသူ မူဟာမတ်တီဇမ်က ဆင်ဟွာသို့ တယ်လီဖုန်းက တစ်ဆင့် ပြောကြားခဲ့သည်။