Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မင်ဒါနာအိုကျွန်းတွင် ၇.၁ ပမာဏရှိသော အင်အားပြင်းငလျင်လှုပ်

ငလျင်လှုပ်ခတ်မှု ကြိမ်နှုန်းပြပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မနီလာ၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းရှိ ဒါဗာအိုပြည်နယ်တွင် ယနေ့ (ဒီဇင်ဘာလ ၂၉ ရက်) ၇.၁ ပမာဏရှိသော အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ မီးတောင်နှင့် ငလျင်ဆိုင်ရာအဖွဲ့ (Phivolcs) က ပြောကြားခဲ့သည်။

အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၁၁ း ၃၉ နာရီတွင် မြေအောက်အနက် ၄၉ ကီလိုမီတာ၌ လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း အဆိုပါ အဖွဲ့က ပြောကြားခဲ့သည်။

ယင်းငလျင်၏ ဗဟိုချက်မှာ ဒါဗာအိုပြည်နယ်ရှိ Governor Generoso ဒေသ၏ အရှေ့တောင်ဘက် ၁၆၂ ကီလိုမီတာ ကမ်းလွန်၌ ဖြစ်ကြောင်း သိရသည်။

ငလျင်ဗဟိုပြုရာ မြေအောက်အနက်နက်သည့်အတွက် ပျက်စီးမှုများရှိမည်ဟု မမျှော်လင့်ရသော်လည်း နောက်ဆက်တွဲ ငလျင်များလှုပ်ခတ်နိုင်ကြောင်း Phivolcs က ပြောကြားထားသည်။

ဖိလစ်ပိုင်အစိုးရက ငလျင်ကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားပြီး ပျက်စီးမှုသတင်းကိုမူ ထုတ်ပြန်ထားခြင်းမရှိသေးပေ။ (Xinhua)