Connect with us

Asia

ဖိလစ်ပိုင်တွင် ရေကြီး၊ မြေပြိုမှုများ ကြောင့် သေဆုံးသူ ၅၀ဦးအထိ မြင့်တက်လာ

ဖိလစ်ပိုင်နိုင်ငံ ၌ရေကြီး ရေလျှံမှုများဖြစ်ပွားနေစဉ် (ဆင်ဟွာ)

မနီလာ၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာသော မြေပြိုမှုနှင့် ရေကြီးမှုများကြောင့် သေဆုံးသူဦးရေ သည် ၅၀ဦးအထိ မြင့်တက်လာကြောင်း အစိုးရသဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ဒီဇင်ဘာ ၃၀ရက်တွင်ပြောကြားခဲ့သည်။

သေဆုံးမှုများသည် Bicol ဒေသတွင် ဖြစ်ပွားခဲ့သော မြေပြိုမှုများ နှင့် ရေကြီးမှုများကြောင့်ဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်လျှော့ချရေး နှင့် စီမံခန့်ခွဲရေးကောင်စီ (NDRRMC) က ဒီဇင်ဘာ ၃၀ရက်တွင် နောက်ဆုံးထုတ်ပြန်ခဲ့သည်။

NDRRMC က Albay ပြည်နယ်တွင် လူ၁၅ဦး၊ Sorsogon ပြည်နယ်တွင် လူ ၆ဦး၊ Camarines Sur ပြည်နယ်တွင် လူ ၁၆ဦး၊ Camarines Norte ပြည်နယ် တွင် လူ ၆ဦး နှင့် Masbate ပြည်နယ်တွင် လူ ၇ဦး သေဆုံးခဲ့ကြောင်း နှင့် အနည်းဆုံး လူ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ကောင်စီက အနည်းဆုံး လူ ၁၁ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ Albay ပြည်နယ် တွင် ၇ဦး၊ Camarines Norte ပြည်နယ် တွင် တစ်ဦး၊ Camarines Sur ပြည်နယ်တွင် တစ်ဦး နှင့် Sorsogon ပြည်နယ်တွင် ၂ ဦးပျောက်ဆုံးနေကြောင်းပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း နှင့် အလယ်ပိုင်း ပြည်နယ်များတွင် ရေကြီးမှုများဖြစ်ပေါ်နေပြီး ပြည်နယ် ၆ခုမှ လူ ၇၉,၀၀၀ကျော် ရေကြီးမြေပြိုမှုဒဏ်ကို ခံစားခဲ့ရကြောင်း သိရသည်။

NDRRMC က လာမည့်ရက်များတွင် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.