Connect with us

Asia

မည်သည့်အချိန်တွင်မဆို ထရမ့် နှင့်တွေ့ဆုံရန် အသင့်ရှိကြောင်း ကင်ဂျုံအန်ပြော

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန် အားတွေ့ ရစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင်ကင်ဂျုံအန်က နှစ်သစ်ကူးမိန့်ခွန်းစကားပြောကြားရာတွင် ၎င်းအနေဖြင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် နှင့်မည်သည့်အချိန်တွင်မဆို ထပ်မံတွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း KCT ရုပ်မြင်သံကြားသတင်းဌာနက ယနေ့ဇန်နဝါရီ ၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ထို့ပြင် ကင်က အမေရိကန်နိုင်ငံအနေဖြင့် တောင်ကိုရီးယားနှင့်ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ရပ်တန့်ရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ရေးကို ရှေ့ဆက်တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် မည်သည့် နျူကလီးယားလက်နက်စမ်းသပ်ခြင်း(သို့မဟုတ်) ထုတ်လုပ်ခြင်းကို လုပ်ဆောင်မည်မဟုတ်ကြောင်းကင်ဂျုံအန်က နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.