Connect with us

Asia

ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သဘောတူညီစာချုပ် (CPTPP) စတင် အသက်ဝင်

CPTPP သဘောတူညီချက်ကို ၂၀၁၈ခုနှစ် မတ်လက ချီလီနိုင်ငံတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံ သဘောတူလက်မှတ်ရေးထိုးစဉ် (ဆင်ဟွာ)

တိုကျို၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ)

နိုင်ငံပေါင်း ၁၁ နိုင်ငံ သဘောတူလက်မှတ်ရေးထိုးထားသည့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သဘောတူညီချက် (CPTPP)သည် ဒီဇင်ဘာ ၃၀ ရက်တွင် တရားဝင် စတင် အသက်ဝင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက် ကို ဂျပန်၊ကနေဒါ၊ သြစတြေးလျ၊ ချီလီ၊ နယူးဇီလန်၊ စင်ကာပူ၊ ဘရူနိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ မက္ကဆီကိုနှင့်ပီရူးနိုင်ငံများမှ ယခုနှစ် မတ်လတွင် ချီလီနိုင်ငံ၌ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်း သဘောတူညီချက်သည် လက်မှတ်ရေးထိုးသည့်နိုင်ငံထက်ဝက်ကျော် ဖြစ်သည့် ဂျပန်၊ မက္ကဆီကို၊ စင်ကာပူ၊ ကနေဒါ၊ နယူးဇီလန်၊ သြစတြေးလျ နိုင်ငံ ၆ နိုင်ငံရှိဥပဒေပြုဌာနများ၏ ခွင့်ပြုချက်ကို ရရှိပြီးဖြစ်ရာ သတ်မှတ်ချက်အရ ဒီဇင်ဘာ ၃၀ ရက်တွင် စတင်အသက်ဝင်ပြီဖြစ်ကြောင်း သိရသည်။

သဘောတူညီချက်အရ လက်မှတ်ရေးထိုးထားသည့် နိုင်ငံများသည် ကုန်သွယ်ရေးနှင့်ရင်းနှီးမြုပ်နှံမှု တွင် လွယ်ကူအဆင်ပြေချောမွေ့စေရန်အတွက် စက်မှုထုတ်ကုန်ပစ္စည်းများနှင့် လယ်ယာထွက်ကုန် ပစ္စည်းကို အခွန်ဖျက်သိမ်းပေးခြင်း သို့မဟုတ် လျော့ချပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံများအကြား ဖုန်းဆက်သွယ်ရေး စာရိတ်စခ လျှော့ချခြင်း ၊ နယ်စပ်ဖြတ်ကျော် အချက်အလက်လဲလှယ်မှု ကန့်သတ်ချက် ကို ဖျက်သိမ်းခြင်း နှင့် အွန်လိုင်းကုန်သွယ်ရေးလိမ်လည်မှု များကို တားမြစ်ရန် နည်းဥပဒေများအတူ ရေးဆွဲခြင်း စသည် တို့ပါဝင်ကြောင်း သိရသည်။

လွန်ခဲ့သောနှစ် ဇန်နဝါရီလက အမေရိကန်နိုင်ငံသည် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်(TPP)မှ နုတ်ထွက်ခဲ့သည်။ TPP သဘောတူညီချက် ဆွေးနွေးမှုတွင် ပါဝင်သော အခြားနိုင်ငံ ၁၁ နိုင်ငံက မူလ သဘောတူညီချက်ကို ပြင်ဆင်ပြီး CPTPP သဘောတူညီချက်အဖြစ် ရေးဆွဲခဲ့ကြောင်း သိရသည်။ CPTPP သည် လူဦးရေ ၄၉၈ သန်းကို ဖုံးလွှမ်းနိုင်ကြောင်းနှင့် သဘောတူ ညီချက်အား လက်မှတ်ရေးထိုးထားသည့်နိုင်ငံများ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး သည် ကမ္ဘာ့စီးပွားရေး စုစုပေါင်းပမာဏ၏ ၁၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.