ဆိုးလ် ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များ(USFK)သည်တောင်ကိုရီးယား၌ အခြေစိုက်စခန်းများတိုးချဲ ့တပ်ဖြန့်ရန်အတွက် ဆိုးလ်မြို့တောင်ဘက်တွင် ဖွင့်လှစ်ထားသည့် စစ်အခြေစိုက်စခန်းသစ်သို့ ပြောင်းရွှေ့နေပြီဖြစ်ကြောင်း ဒေသတွင်းသတင်းမီဒီယာများက ဖော်ပြခဲ့သည်။
တိုကျို၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ခရူးရှူးကျွန်း တောင်ဘက် ရှိ ကာဂိုရှီးမားစီရင်စု ၌် ဇူလိုင် ၁၁ ရက်တွင် ကနဦးတိုင်းတာချက်အရ အင်အား ၅.၂ရစ်ချ်တာစကေး ရှိသည့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း နှင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိကြောင်း မိုးလေဝသဋ္ဌာနက ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ်တွင် အရက်တုများ သောက်သုံးမှုကြောင့် အနည်းဆုံး လူ ၁၈ဦးသေဆုံးပြီး လူပေါင်းများစွာ နေမကောင်းဖြစ်ခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုက ဇူလိုင် ၁၀ ရက်တွင် ဖော်ပြခဲ့သည်။
ဒါကာ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ အစွန်အဖျားက Savar မြို့ရှိ အထပ် ရှစ်ထပ်ရှိသော အထည်ချုပ် အဆောက်အအုံ တစ်ခု ဇူလိုင်လ ၈ ရက် ညပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဇူလိုင်လ ၉ ရက် နံနက်အစောပိုင်းတွင်...
မနီလာ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် ယနေ့ (ဇူလိုင်လ ၆ ရက်) ပြင်းအား ၆.၅ အင်အားရှိသော အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် ငလျင် အသင်းက ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း အတ်တာပရာဒတ်ရှ်ပြည်နယ်တွင် ယနေ့ (ဇူလိုင်လ ၆ ရက်) တွင် လမ်းမတော်တဆမှု နှစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။
ဂျာကာတာ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း Papua ပြည်နယ်တွင် ဇူလိုင် ၅ ရက် က လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် လူ၅ဦးစလုံးသေဆုံးသွားခဲ့ကြောင်း အမျိုးသား ရှာဖွေကယ်ဆယ်ရေးရုံး ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဇူလိုင် ၆ ရက်တွင်ပြောကြားခဲ့သည်။
ခတ္တမန္ဒူ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) နီပေါနိုင်ငံတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် တစ်နှစ်အတွင်းမှာပင် နီပေါနိုင်ငံသား ၆,၀၀၀ ကျော် လူကုန်ကူးခံခဲ့ရကြောင်း အမျိုးသား လူ့အခွင့်အရေးကော်မရှင် (NHRC) မှ ဇူလိုင်လ ၄ ရက်တွင် နောက်ဆုံးထုတ်ပြန်သည့် သတင်းအရ သိရသည်။
နယူးဒေလီ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် အသက် ၃၀ နှစ်အရွယ် စီးပွားရေး လုပ်ငန်းရှင် အမျိုးသား တစ်ဦးမှာ အဖျော်ယမကာထဲတွင် နိုက်ထရိုဂျင် အရည် ရောစပ်သောက်သုံးပြီးနောက် အစာအိမ်ပေါက်ကာ ဆေးရုံရောက်သွားခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံသို့ လာရောက် လုပ်ကိုင်ကြသည့် အိမ်နီးချင်းနိုင်ငံများမှ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများ ခန့်အပ်မှုကို ဥပဒေအရ တားမြစ်ခြင်းကို ခြောက်လ ဆိုင်းငံ့ထားမည်ဟု အာဏာရ ငြိမ်းချမ်းရေးနှင့် အမိန့်အာဏာဆိုင်ရာ အမျိုးသား ကောင်စီ (NCPO) က ဇူလိုင်လ ၄...