ဆိုးလ်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အစိုးရရှေ့နေများက တောင်ကိုရီးယားနိုင်ငံ၏ မိသားစု လုပ်ငန်းကြီး တစ်ခု ဖြစ်သော ဆမ်ဆောင်း ကုမ္ပဏီ၏ အရိုက်အရာကို ဆက်ခံမည့်သူအား ဖမ်းဝရမ်း ထုတ်ဖို့ နှစ်ရက်ကြာ လုပ်ဆောင်ပြီးနောက် တရားရုံးက ဇန်နဝါရီလ ၁၈ ရက်တွင် ဆုံးဖြတ်မည် ဖြစ်ကြောင်း...
နယူးဒေလီ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်တွင် ဇန်နဝါရီ ၁၅ရက်ကပြုလုပ်ခဲ့သည့် အကြီးဆုံး ဘာသာရေးစုဝေးပွဲများအနက် တစ်ခုတွင် လူအုပ်ပိမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ၆ဦးသေဆုံးခဲ့ပြီး လူ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးကပြောကြားခဲ့သည်။
နယူးဒေလီ ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်၌ ဇန်နဝါရီလ ၁၄ ရက် က ခရီးသည်အများအပြားတင်ဆောင်ထားသော စက်လှေတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားရာ အနည်းဆုံးလူပေါင်း ၂၃ ဦးသေဆုံးသွားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါ စက်လှေသည် ဘီဟာပြည်နယ်မြို့တော် Patna မြို့လယ်ရှိ NIT...
တိုကျို ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ၏ အာကာသအေဂျင်စီသည် ယနေ့( ဇန်နဝါရီလ ၁၅ ရက်)တွင် ကမ္ဘာပတ်လမ်းထဲသို့ဂြိုဟ်တုတစ်စင်းလွှတ်တင်ရန်အတွက် အသေးစား-ဒုံးပျံတစ်စင်း စမ်းသပ်ပစ် လွှတ်ခဲ့ရာ ဆက်သွယ်ရေးစနစ်ချွတ်ယွင်းမှုကြောင့် မအောင်မမြင်ဖြစ်ခဲ့ရကြောင်း သိရသည်။
ဖနွမ်းပင်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံတွင် အလှူရှင် အဖွဲ့ တစ်ဖွဲ့က ကျွေးမွေးသော အစားအစာများမှာ ရက်လွန်နေသည့် အတွက် ယင်း အစားအစာများကို စားမိသည့် ကျောင်းသား ၂၂၂ ဦး အော့အန်သွားခဲ့ကြောင်း ဒေသခံ ရဲချုပ်က ဇန်နဝါရီလ ၁၄ ရက်က ပြောကြားလိုက်သည်။
ဘန်ကောက်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံလေတပ်၏ Gripen တိုက်ခိုက်ရေး လေယာဉ်တစ်စီးသည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ လေဆိပ်တစ်ခုတွင် ဇန်နဝါရီ ၁၄ ရက်က ပျက်ကျခဲ့ရာ လေယာဉ်မှူးသေဆုံးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် လူသေဆုံးမှုများ ဖြစ်ပေါ်စေခဲ့သော ရေလွှမ်းမိုးမှုများ နှင့် ပတ်သက်၍ ဝမ်းနည်းကြောင်း သဝဏ်လွှာအား ဇန်နဝါရီ ၁၃ရက်တွင် ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း ထံပေးပို့ခဲ့ပြီး လိုအပ်သည့် အကူအညီများ...
နယူးဒေလီ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ခြေသုတ်ဖုံပေါ်မှာ အိန္ဒိယ နိုင်ငံတော် အလံကို ထည့်သွင်း အသုံးပြုကာ ရောင်းချခဲ့ပြီး အိန္ဒိယနိုင်ငံအား ဂုဏ်သိက္ခာ ကျဆင်းစေသည့်အတွက် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဆက်ရှ်မာဆွာရတ်ကို အွန်လိုင်း ဈေးကွက်ကြီး တစ်ခု ဖြစ်သော အမေဇုံ (Amazon) တောင်းပန်လိုက်သည်။
နယူးဒေလီ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အဝေးပြေးလမ်း နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဋ္ဌာနဝန်ကြီး Nitin Gadkari က အိန္ဒိယနိုင်ငံအတွင်း ရှိ ယာဉ်မောင်းလိုင်စင်များ၏ ၃၀ရာခိုင်နှုန်းသည် လိုင်စင်အတုများဖြစ်ကြောင်း ဇန်နဝါရီ ၁၁ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj က အိန္ဒိယနိုင်ငံ၏နိုင်ငံတော်အလံအား ဥပဒေမဲ့ စော်ကားခဲ့သော e-commerce လုပ်ငန်းကြီးတစ်ခု ဖြစ်သည့် အမေဇုန်ကုမ္ပဏီအနေဖြင့် အိန္ဒိယနိုင်ငံအား ပြန်လည်တောင်းပန်ရန် နှင့် တောင်းပန်ခြင်းမပြုပါက ၎င်းတို့၏ ဋ္ဌာနအကြီးအကဲများအား ပြည်ဝင်ခွင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ...