ဘန်ကောက် ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံဘုရင်မင်းမြတ်၏ ကျန်းမာရေးအခြေအနေမှာ နောက်ဆုံးအဆင့်သို့ရောက်ရှိနေပြီး သီရိရာဇ(Siriraj)ဆေးရုံကြီးပေါ် တွင် အထူးဆေးကုသမှုခံယူနေရာ ထိုင်းပြည်သူထောင်ပေါင်းများစွာက ဘုရင်ကြီးအတွက် ဆေးရုံပြင်ပ၌ ဆုတောင်းမေတ္တာပို့သနေကြကြောင်း သိရသည်။
တိုကျို၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တင်ပြထားသည့် ယန်း ၂၈ ထရီလီယံ ကမ်းလှမ်းချက်အား ဖြည့်တင်းရာတွင် အသုံးပြုရန် အများဆုံး သုံးစွဲမည့် ထပ်တိုးဘတ်ဂျက် ယန်း ၄.၁၁ ထရီလီယံ (အမေရိကန် ဒေါ်လာ ၄၀ ဘီလီယံ) အား...
မနီလာ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ အစိုးရ က သမ္မတ ရိုဒရီကို ဒူတာတေးအား “ကွင်းဆက်လူသတ်သမားသမ္မတ” အဖြစ် ဖော်ပြခဲ့သည့် ပြင်သစ်နေ့စဉ်သတင်းစာ၏ ရေးသားမှုအား တာဝန်မဲ့သည့်အရေးအသားတစ်ခု အဖြစ် အောက်တိုဘာ ၉ ရက် က ညွှန်းဆိုပြောကြားခဲ့သည်။
ဘန်ကောက်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ထိုင်းဘုရင် ဘူမိဘောလ် အဒူယာဒတ်သည် သွေးပေါင်ကျပြီး သွေးခုန်နှုန်း မြန်နေသည့်အတွက် ကျန်းမာရေး အခြေအနေ စိုးရိမ်ဖွယ်ရှိနေကြောင်း သိရသည်။
ဆိုးလ်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ဆမ်ဆောင်း အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းက Galaxy Note 7 ဖုန်းများအား ဘက်ထရီပြဿနာ ကြောင့် အသစ်ပြန်လဲပေးခဲ့သော်လည်း အချို့ Galaxy Note 7 ဖုန်းများ၌ မီးလောင်မှုများ ဆက်လက် ဖြစ်ပွားနေ၍ ၎င်း၏ Note...
ဟိုချီမင်း စီးတီး၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ တောင်ပိုင်း Binh Duong ပြည်နယ်က ကိုယ်ဝန်ဆောင် တစ်ဦးနှင့် ဟိုချီမင်း စီးတီးရှိ အမျိုးသမီး တစ်ဦးတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ပြီး နိုင်ငံအတွင်း ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ငါးဦးအထိ ရှိလာပြီ...
နယူးဒေလီ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဒေလီ အင်ဒရီနာ ဂန္ဒီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ကုန်ပစ္စည်းသိုလှောင်ရာ နေရာ၌ အောက်တိုဘာလ ၉ ရက် ရေဒီယို သတ္တိကြွပစ္စည်း ယိုစိမ့်မှု တစ်ရပ် ဖြစ်ပွားကြောင်း မီးသတ် အရာရှိများက ပြောကြားခဲ့သည်။
ဂျကာတာ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းတွင် လှေ တစ်စီး နစ်မြုပ်ခဲ့ပြီးနောက် သေဆုံးသူ ၇ ဦး၏ ရုပ်အလောင်းများအား ဆယ်ယူရရှိခဲ့ကြောင်း သဘာဝဘေး အေဂျင်စီ အရာရှိတစ်ဦးက အောက်တိုဘာလ ၉ ရက်၌ ပြောကြားခဲ့သည်။
မလေးရှား၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) တရုတ်-မလေးရှားနှစ်နိုင်ငံ စစ်တပ်အချင်းချင်းကြား ဆက်ဆံရေးတိုးတက်ခိုင်မာစေရန် ရည်ရွယ်၍ တရုတ်နိုင်ငံမှ ရေတပ်သင်္ဘောအုပ်စုသည် လေးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် မလေးရှားနိုင်ငံ ကလန်းဆိပ်ကမ်းသို့အောက်တိုဘာ ၇ ရက်က ရောက်ရှိလာကြောင်း သိရသည်။
ဂျကာတာ ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဂျာဗားပြည်နယ်၌ လူဒါဇင်ပေါင်းများစွာလိုက်ပါလာသည့် စက်လှေတစ်စင်း တိမ်းမှောက်သွားရာ လူပေါင်း ၇ ဦးပျောက်ဆုံးလျက်ရှိကြောင်း သဘာဝဘေးအန္တရာယ်အေဂျင်စီမှ အရာရှိတစ်ဦးက အောက်တိုဘာလ ၈ ရက်နံနက်အစောပိုင်းက ပြောကြားခဲ့သည်။