ဗီယင်ကျန်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) လာအိုနိုင်ငံအစိုးရသည် ဇီကာဗိုင်းရပ်စ် ကူးစက်မှုနှင့် ပတ်သက်၍ ကမ္ဘာအရပ်ရပ် နှင့် ဒေသတွင်း အခြေအနေများအား စောင့်ကြည့်သွားရန် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းကာ ရှေ့ဆက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လာအိုနိုင်ငံပိုင် Vientiane Times က စက်တင်ဘာ ၂၁ရက်တွင် ဖော်ပြခဲ့သည်။
ဂျကာတာ ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းရှိ အနောက်ဂျာဗားပြည်နယ်၌ စက်တင်ဘာလ ၂ဝ ရက် ညပိုင်း နှင့် စက်တင်ဘာလ ၂၁ ရက် နံနက်ပိုင်းအတွင်း ရေကြီးမြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူ ၁ဝ ဦးသေဆုံးပြီး ၃ဝ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း...
ဘန်ကောက်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) စက်တင်ဘာ ၁၈ရက်တွင် ဖြစ်ပွားခဲ့သည့် သင်္ဘောတိမ်းမှောက်မှု အတွင်း သေဆုံးသူ ဦးရေသည် စက်တင်ဘာလ ၂၀ရက်တွင် ၂၇ဦးရှိလာပြီး အခြားလူ၂ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့ကြောင်း ပြည်တွင်းမီဒီယာ ကဖော်ပြခဲ့သည်။
ဟနွိုင်း ၊ စက်တင်ဘာ ၂ဝ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံရှိ မူလတန်းကျောင်းများတွင် ၂ဝ၁၇ ခုနှစ်မှ စတင်ကာ တရုတ်ဘာသာစကားကို စတင်သင်ကြားပေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၉ ရက်က ထုတ်ပြန်သည့် ဗီယက်နမ်နိုင်ငံပညာရေး နှင့်လေ့ကျင့်ရေး ဝန်ကြီးဌာန(MoET) ၏ ထုတ်ပြန်ချက်ကို ကိုးကားပြီးသတင်းများက ဖော်ပြသည်။
နယူးဒေလီ ၊ စက်တင်ဘာ ၂ဝ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်၌ စက်တင်ဘာလ ၁၉ ရက်က ခရီးသည်အလွန်အကျွံတင်ဆောင်ထားသော ဘတ်စ်ကားတစ်စီးသည် ဘီးချော်မှုဖြစ်ပွားပြီး လမ်းဘေးရှိ ရေကန်ငယ်တစ်ခုထဲသို့ထိုးဆင်းတိမ်းမှောက်သွားရာ လူပေါင်း ၃၅ ဦးထက် မနည်း သေဆုံးသွားကြောင် တာဝန်ရှိသူများက ဆိုသည်။
မနီလာ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေး က ၎င်း၏ အုပ်ချုပ်ရေးအဖွဲ့သည် နိုင်ငံတစ်ဝန်း မူးယစ်ဆေးဝါးနှင့် ဆက်စပ် ရာဇဝတ်မှုများအား နှိမ်နှင်းတိုက်ခိုက်နေသည့် စစ်ဆင်ရေး အနိုင်ရရှိစေရန် နောက်ထပ် အချိန် ခြောက်လ ထပ်မံလိုအပ်ကြောင်း စက်တင်ဘာ ၁၈ ရက်...
ဘန်ကောက်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ ရှိ ကျောက်ဖရား မြစ် တွင် စက်တင်ဘာ ၁၈ ရက် နေ့လည်ပိုင်းက ခရီးသည် ၁၀၀ဦးခန့် တင်ဆောင်လာသော သင်္ဘောတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ၁၃ဦးထက်မနည်းသေဆုံးပြီး လူ ၃၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့် အများအပြား ပျောက်ဆုံးနေကြောင်း...
ဟိုချီမင်း စီးတီး၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဋ္ဌာန က ဗီယက်နမ်နိုင်ငံ တွေ့ရှိခဲ့သော လေးဦးမြောက် ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူမှာ ဟိုချီမင်းမြို့၌ အလုပ်လုပ်ကိုင်နေသည့် ဂျာမနီနိုင်ငံသားတစ်ဦး ဖြစ်ကြောင်း စက်တင်ဘာ ၁၅ရက်ကပြောကြားခဲ့သည်။
တိုကျို ၊ စက်တင်ဘာလ ၁၅ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ၏ အဓိက အတိုက်အခံပါတီ(ဒီမိုကရက်တစ်ပါတီ)သည် စက်တင်ဘာလ ၁၅ ရက်က အသက် ၄၈ နှစ်အရွယ်ရှိ အမျိုးသမီးခေါင်းဆောင်တစ်ဦးကို ပထမဆုံးအကြိမ်ရွေးကောက်တင်မြှောက်လိုက်ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အလယ်ပိုင်း Multan ခရိုင် တွင် စက်တင်ဘာလ ၁၅ရက် နံနက်ပိုင်းက ခရီးသည်တင်ရထားတစ်စီး နှင့် ကုန်တင်ရထားတစ်စီး တိုက်မိခဲ့ရာ အနည်းဆုံး လူခြောက်ဦးသေဆုံးပြီး လူ ၁၅၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူများကပြောကြားခဲ့သည်။