Connect with us

Asia

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်းတွင် ဘတ်စ်ကားမီးလောင်မှုကြောင့် အနည်းဆုံး မြန်မာ ရွှေ့ပြောင်းလုပ်သား ၂၀ ဦး သေဆုံး

မြန်မာရွှေ့ပြောင်းလုပ်သားများ လိုက်ပါလာသော မီးလောင်ကျွမ်းသွားသည့် ဘတ်စ်ကားအား မီးငြှိမ်းသတ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အနောက်မြောက်ဘက် တက်ခ်ခရိုင်အတွင်း မတ်လ ၃၀ ရက် နံနက်အစောပိုင်းက ဘတ်စ်ကားတစ်စီး မီးလောင်ကျွမ်းခဲ့ရာ ကားပေါ်တွင်လိုက်ပါလာသော မြန်မာရွှေ့ပြောင်းလုပ်သား ၂၀ ဦးအနည်းဆုံး သေဆုံးခဲ့ရပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းအစိုးရတာဝန်ရှိသူများက ပြောခဲ့ပါသည်။

မီးလောင်ကျွမ်းမှုက နံနက် ၁း၂၅ နာရီတွင် ကား၏ကုန်တင်ခန်းမှ စတင်လောင်ကျွမ်းခဲ့ခြင်းဟုသိရပြီး ကားပေါ် တွင်လိုက်ပါလာသူ မြန်မာရွှေ့ပြောင်းလုပ်သား ၄၇ ဦး ရှိကြောင်း သိရှိရပါသည်။ လိုက်ပါလာသူများအနက် ရွှေ့ ပြောင်းလုပ်သား ၂၇ ဦး၊ ယာဉ်မောင်းနှင့် ၎င်း၏ဇနီးဖြစ်သူတို့က ကားအပြင်သို့ လွတ်မြောက်နိုင်ခဲ့ကြကြောင်း ရဲ တပ်ဖွဲ့က ပြောခဲ့ပါသည်။

ဘတ်စ်ကား ယာဉ်မောင်းဖြစ်သူက မီးလောင်ချိန်တွင်၎င်းက ကား၏တံခါးများအားလုံးကို ဖွင့်ထားခဲ့ကြောင်းလည်း ပြောခဲ့ပါသည်။ ရဲတပ်ဖွဲ့က မီးလောင်ကျွမ်းရခြင်း အကြောင်းရင်းကို စစ်ဆေးစုံစမ်းဆဲ ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ ဘတ်စ်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ မတ်လ ၂၉ ရက်ည ၁၀ နာရီတွင် စတင်ထွက်ခွာလာခြင်း ဖြစ်ကာ မြန်မာရွှေ့ပြောင်းလုပ်သားများ တာဝန်ထမ်းဆောင်ရာ ဘန်ကောက်မြို့ မြောက်ဘက် နာဗာနာကွန် စက်မှုဇုန်သို့ အလုပ်သမားများအား ပို့ဆောင်ရန်မောင်းနှင်လာခြင်း ဖြစ်ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.