Connect with us

Asia

သီရိလင်္ကာနိုင်ငံ၌ ဒုတိယကမ္ဘာစစ်အတွင်း နစ်မြုပ်ခဲ့သော ဗြိတိသျှစစ်သင်္ဘောကို ဆယ်ယူ


ကိုလံဘို ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

ဒုတိယကမ္ဘာစစ်အတွင်း သီရိလင်္ကာနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်း Trincomalee ဆိပ်ကမ်း၌ နစ်မြုပ်ခဲ့သော ဗြိတိသျှစစ်သင်္ဘော အက်စ်အက်စ်စကိုင်း(SS Sagaing) အား အချိန် ၇၅ နှစ်ကြာပြီးနောက် သီရိလင်္ကာရေတပ်၏ ရေငုပ်အဖွဲ့တစ်ခုက ဆယ်ယူနိုင်ခဲ့ကြောင်း သီရိလင်္ကာရေတပ် သတင်းပြန်ကြားရေးက ဧပြီလ ၁ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ဗြိတိသျှရေတပ်ပိုင် အလျား ၁၃၈ မီတာ အရှည်ရှိသော ခရီးသည်တင်-ကုန်တင် သင်္ဘောကြီးကို ၁၉၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ရေချခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်း နစ်မြုပ်ခဲ့သော SS Sagaing ဗြိတိသျှစစ်သင်္ဘောအား ဆယ်ယူပြီးနောက် တွေ့ရစဉ်(ဆင်ဟွာ)

၎င်းသင်္ဘောသည် ဆိပ်ကမ်း၌ ကျောက်ချထားစဉ် ၁၉၄၂ ခု ၊ ဧပြီ ၉ ရက်တွင် ဂျပန်စစ်တပ်၏ ဖုံးကြဲတိုက်ခိုက်ခြင်းခံရပြီး မီးလောင်ကျွမ်းသွားကြောင်း ၊ ယင်းအချိန်မှ စ၍ အသုံးပြုခြင်းမရှိတော့ကြောင်း သိရသည်။

ရေတပ်သင်္ဘောများအတွက် ဆိပ်ခံထောက်တိုင်အဖြစ် အသုံးပြုနေစဉ် ၁၉၄၃ ခုနှစ် သြဂုတ် ၂၄ ရက်တွင် (SS Sagaing) သင်္ဘောသည် ရေအောက်သို့နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။

“ သင်္ဘောပျက် ဆယ်ယူရေးလုပ်ငန်းစဉ်ကို သီရိလင်္ကာရေတပ်က ဆောင်ရွက်ခဲ့တာပါ။ သင်္ဘောဆယ်ယူရေး နဲ့အပျက်အစီးပုံရှင်းလင်းရေးတွေအတွက် အရှေ့ပိုင်းတိုင်းရေတပ်ဌာနချုပ်ကို တာဝန်ပေးထားပါတယ်” ဟု သီရိလင်္ကာရေတပ်က ဆိုသည်။

သင်္ဘောဆယ်ယူရေးလုပ်ငန်းစဉ်ကို လပေါင်းများစွာ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။(Xinhua)