Connect with us

Asia

တောက်ပသော အနာဂတ်အတွက် တရုတ်နိုင်ငံ နှင့် မဲခေါင်ဒေသခွဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်

ဆဋ္ဌမ အကြိမ်မြောက် မဟာ မဲခေါင် ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (GMS) ထိပ်သီးထိပ်သီး အစည်းအဝေးတွင် တက်ရောက်လာသော ခေါင်းဆောင်များ စုပေါင်း အမှတ်တရဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

ဟနွိုင်း ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

ပိုမိုကောင်းမွန်သောဒေသတွင်း ဖြစ်ပေါ်တိုးတက်စေရေး ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် တရုတ်နိုင်ငံ နှင့် မဲခေါင်ဒေသခွဲနိုင်ငံများအကြား လက်ချင်းချိတ်၍ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မဲခေါင်မြစ်ကော်မရှင်(MRC) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

MRC အုပ်ချုပ်ရေးအဖွဲ့၏ အမှုဆောင်အရာရှိချုပ် Pham Tuan Phan က ဧပြီ ၁ ရက်တွင် ဆင်ဟွာသတင်းဌာနနှင့်ပြုလုပ်သော သီးသန့်တွေ့ဆုံမေးမြန်းခန်း၌ အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆဋ္ဌမ အကြိမ်မြောက် မဟာ မဲခေါင် ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (GMS) ထိပ်သီးအစည်းအဝေးကို ဗီယက်နမ်နိုင်ငံ၌ လက်ခံကျင်းပလျက်ရှိရာ အမေရိကန်ဒေါ်လာ ၆၆ ဘီလီယံ တန်ဖိုးရှိ စီမံကိန်းပေါင်း ၂၃ဝ နီးပါးအတွက် ဟနွိုင်းစီမံကိန်းအစီအစဉ် နှင့် ဒေသတွင်းရင်းနှီးမြှုပ်နှံမှု အစီအစဉ်တစ်ရပ်ကို တင်ပြဆွေးနွေးခဲ့ကြောင်း ၎င်းက ဆိုသည်။

၂ဝ၁၇ ခုနှစ်တွင် တရုတ်နိုင်ငံ နှင့် ကမ္ဘောဒီးယား ၊ လာအို ၊ မြန်မာ ၊ ထိုင်း နှင့် ဗီယက်နမ်တို့ပါဝင်သည့် မဲခေါင်ဒေသခွဲ ၅ နိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၂ဝ ဘီလီယံထိရှိခဲ့ရာ ၂ဝ၁၆ ခုနှစ်မှ စ၍ ၁၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။

အဆိုပါ ၅ နိုင်ငံတွင် တရုတ်နိုင်ငံ၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံ အထိ ရှိခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် ၂ဝ ရာခိုင်နှုန်းကျော်အထိ တိုးတက်လာခဲ့သည်။

တရုတ်နိုင်ငံ နှင့် မဟာမဲခေါင်ဒေသခွဲ နိုင်ငံများအကြား အထူးသဖြင့် တရုတ် နှင့် ဗီယက်နမ်နိုင်ငံ တို့အကြား လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နယ်ပယ်ကဏ္ဍစုံတွင် ထောက်ခံအားပေးလျက်ရှိကြောင်း Phan က ဆိုသည်။

MRC နှင့် မဟာမဲခေါင်ဒေသခွဲ အစီအစဉ်များအကြားတွင် ကွဲပြားခြားနားချက်များစွာ ရှိသော်လည်း ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု ရလဒ်များထွက်ပေါ်ရန် နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်မှုများကို တဆင့်ခြင်း လုပ်ဆောင်လျက်ရှိကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

မဲခေါင်သဘောတူညီချက်အပေါ်တွင် အခြေခံ၍ ၁၉၉၅ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သော MRC သည် မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး နှင့် ဒေသတွင်းဆွေးနွေးရေးအတွက် နိုင်ငံများအကြား ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117